ဆာလံကျမ်း 137
137
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတို့၏ကြေကွဲသံ
1ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍
ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
2ငါတို့၏စောင်းများကို မိုးမခပင်များပေါ်၌
ချိတ်ထားကြ၏။
3အကြောင်းမူကား ငါတို့ကိုဖမ်းဆီးခေါ်ဆောင်လာသောသူတို့က
ထိုအရပ်၌ ငါတို့ကို သီချင်းများတောင်းဆိုကြ၏။
ငါတို့ကိုညှဉ်းဆဲသောသူတို့ကလည်း မိမိတို့ပျော်ရွှင်မှုအတွက်
“ဇိအုန်သီချင်းကို ငါတို့အားဆိုပြကြလော့”ဟု ဆိုကြ၏။
4ငါတို့သည် တိုင်းတစ်ပါးသားတို့ပြည်၌
ထာဝရဘုရား၏သီချင်းကို မည်သို့သီဆိုနိုင်ကြမည်နည်း။
5အို ဂျေရုဆလင်မြို့၊ သင့်ကိုငါမေ့လျော့ခဲ့လျှင်
ငါ၏လက်ယာလက်သည် မိမိ၏အတတ်ကိုမေ့လျော့ပါစေ။
6သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊
ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း
ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။
7အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌
“ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော
ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
8အို ပျက်စီးခြင်းသို့ရောက်မည့် ဘေဘီလုံ၏သမီး၊
ငါတို့အပေါ် သင်ပြုခဲ့သည့်အတိုင်း
သင်၌ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၏။
9သင်၏ကလေးသူငယ်တို့ကိုဆွဲကိုင်၍
ကျောက်ပေါ်မှာပစ်ပေါက်သောသူသည် မင်္ဂလာရှိ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 137: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: