YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 142:3-6

ဆာလံကျမ်း 142:3-6 MSBU

အကျွန်ုပ်​၏​အတွင်း​ဝိညာဉ်​ညှိုးငယ်​သောအခါ ကိုယ်တော်​သာလျှင် အကျွန်ုပ်​၏​လမ်း​ကို​သိ​တော်မူ​၏​။ လူ​တို့​သည် အကျွန်ုပ်​လျှောက်​သော​လမ်း​၌ အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။ လက်ယာ​ဘက်​သို့​ကြည့်​၍ သိမြင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အသိအမှတ်​ပြု​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ထွက်ပြေးစရာ​လမ်း​လည်း​မ​ရှိ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဂရုစိုက်​သူ​လည်း​မ​ရှိ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​ပါ​၏​။ “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပြီး အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု အကျွန်ုပ်​ပြောဆို​ပါ​၏​။ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် အခြေအနေ​အလွန်​နိမ့်ပါး​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ထံမှ ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား ထို​သူ​တို့​သည် အကျွန်ုပ်​ထက် အင်အားကြီးမား​ကြ​ပါ​၏​။