ဆာလံကျမ်း 17
17
စောင့်ရှောက်ပေးတော်မူရန် ဆုတောင်းခြင်း
ဒါဝိဒ်၏ဆုတောင်းချက်
1အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍
အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။
လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
2အကျွန်ုပ်အတွက်တရားစီရင်ခြင်းသည် ကိုယ်တော့်ထံမှလာပါစေသော။
ကိုယ်တော်၏မျက်စိသည် သမာသမတ်ရှိခြင်းကိုမြင်ပါစေသော။
3ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။
အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။
အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
4လူတို့၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍မူကား ကြမ်းကြုတ်သောလမ်းများကို
ကိုယ်တော်၏နှုတ်တော်ထွက်စကားအားဖြင့် အကျွန်ုပ်ရှောင်ကြဉ်ခဲ့ပါ၏။
5အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။
အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
6အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူမည်ဖြစ်၍ ကိုယ်တော်ကိုအကျွန်ုပ်ခေါ်ပါ၏။
အကျွန်ုပ်ကိုဂရုစိုက်နားထောင်လျက် အကျွန်ုပ်၏စကားကိုနားညောင်းတော်မူပါ။
7လက်ယာလက်တော်၌ခိုလှုံသောသူတို့ကို သူတို့တစ်ဖက်၌ထကြွသောသူများလက်မှ ကယ်တင်တော်မူသောဘုရား၊
ကိုယ်တော်၏မေတ္တာကရုဏာများကို အံ့ဩဖွယ်ပြသတော်မူပါ။
8-9အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊
အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း
အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။
ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
10သူတို့သည် အကြင်နာစိတ်ကင်းမဲ့၍ သူတို့နှုတ်သည်
မောက်မာစွာပြောဆိုပါ၏။
11သူတို့သည် အကျွန်ုပ်တို့ကိုခြေရာခံ၍ ယခု အကျွန်ုပ်တို့ကိုဝိုင်းရံထားကြပြီး
အကျွန်ုပ်တို့ကိုမြေကြီးပေါ်လှဲချရန် စောင့်ကြည့်နေကြပါ၏။
12သူတို့သည် ကိုက်ဖဲ့လိုစိတ်ပြင်းထန်သော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ကွယ်ရာမှချောင်းမြောင်းနေသော
ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။
13အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။
ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
14အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ
ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။
သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း
သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
15အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။
အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: