ဆာလံကျမ်း 21
21
ဘုရင်မင်းကြီး၏အောင်ပွဲ
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ ဘုရင်မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိ၌ ဝမ်းမြောက်၍
ကိုယ်တော်၏ကယ်တင်ခြင်း၌ အလွန်ရွှင်လန်းပါ၏။
2ကိုယ်တော်သည် သူ၏စိတ်နှလုံးအလိုဆန္ဒကို ဖြည့်ဆည်းပေး၍
သူ့နှုတ်တောင်းဆိုသောအရာကို ငြင်းပယ်တော်မမူပါ။(စေလာ#21:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3အကြောင်းမူကား ကိုယ်တော်သည် ကြွယ်ဝသောကောင်းချီးမင်္ဂလာများဖြင့်
သူ့ကိုကြိုဆိုလျက် သူ၏ဦးခေါင်းပေါ်တွင် ရွှေစင်သရဖူကိုတင်တော်မူ၏။
4သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ
ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
5ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် သူ၏ဘုန်းအသရေသည် ကြီးမားလှပါ၏။
ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို သူ့အားအပ်နှင်းတော်မူ၏။
6ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာများကို ထာဝစဉ်ချပေး၍
ရှေ့တော်မှဝမ်းမြောက်ခြင်းဖြင့် သူ့ကိုဝမ်းသာအားရဖြစ်စေတော်မူ၏။
7အကြောင်းမူကား ဘုရင်မင်းကြီးသည် ထာဝရဘုရားကိုယုံကြည်ကိုးစား၍
အမြင့်ဆုံးသောအရှင်၏မေတ္တာကရုဏာတော်ကို ခံစားရသဖြင့် သူသည် တုန်လှုပ်မည်မဟုတ်။
8ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ရန်သူရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
ကိုယ်တော်၏လက်ယာလက်တော်သည် ကိုယ်တော့်ကိုမုန်းသောသူတို့အပေါ် ကျရောက်လိမ့်မည်။
9ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။
ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
10ကိုယ်တော်သည် သူတို့ထံမှပေါက်ဖွားလာသော သူတို့ကို ကမ္ဘာမြေပေါ်မှလည်းကောင်း၊
သူတို့၏သားစဉ်မြေးဆက်တို့ကို လူသားတို့ထဲမှလည်းကောင်း ဖျက်ဆီးတော်မူလိမ့်မည်။
11သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ကောက်ကျစ်သောအကြံအစည်ကို ကြံစည်ကြသော်လည်း
အောင်မြင်ကြလိမ့်မည်မဟုတ်။
12အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက်
သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။
13အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။
အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 21: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: