ဆာလံကျမ်း 23
23
ကောင်းမြတ်သောသိုးထိန်း
ဒါဝိဒ်၏ဆာလံ
1ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည်ချို့တဲ့ခြင်းမရှိရ။
2စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုလဲလျောင်းစေတော်မူ၏။ သာယာသောမြစ်နားသို့ ငါ့ကိုလမ်းပြတော်မူ၏။
3ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။
နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
4အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း
အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။
ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
5အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။
အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
6အကယ်စင်စစ် အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကောင်းမြတ်တော်မူခြင်းနှင့်မေတ္တာကရုဏာတော်သည်
အကျွန်ုပ်နှင့်အတူလိုက်ပါလာလိမ့်မည်။
အကျွန်ုပ်သည်လည်း ထာဝရဘုရား၏အိမ်တော်၌ အစဉ်အမြဲနေရပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: