ဆာလံကျမ်း 58
58
မတရားမှုများကိုစီရင်တော်မူရန် အော်ဟစ်တောင်းလျှောက်ခြင်း
ဂီတမှူးအတွက်၊ “မဖျက်ဆီးပါနှင့်” သံစဉ်၊ ဒါဝိဒ်၏မိတ္တမ်သီချင်း
1အို အားကြီးသောသူတို့၊ အကယ်စင်စစ် သင်တို့သည် ဖြောင့်မတ်စွာပြောဆိုကြသလော။
လူသားတို့ကို သမာသမတ်ရှိစွာ တရားစီရင်ကြသလော။
2သင်တို့သည် ထိုသို့မပြုဘဲ မတရားမှုများကို စိတ်နှလုံးထဲ၌ ကျင့်ကြံ၍
သင်တို့လက်၏ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာမြေကြီးပေါ်တွင် ချိန်တွယ်ဖြန့်ဝေကြ၏။
3ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် ဖောက်ပြန်သောသဘောရှိကြ၏။
သူတို့သည် မွေးစကပင် လမ်းလွဲ၍ လိမ်လည်ပြောဆိုတတ်ကြ၏။
4-5သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။
သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင်
မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။
6အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှ သူတို့၏သွားကို ချိုးပစ်တော်မူပါ။
အို ထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏အစွယ်များကို ချိုးတော်မူပါ။
7သူတို့သည် စီးသွားသောရေကဲ့သို့ ပျောက်ကွယ်သွားကြပါစေ။
လေးကိုတင်သောအခါ မြားတို့သည် မြားဦးကျိုးသကဲ့သို့ဖြစ်ကြပါစေ။
8သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊
နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
9ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊
ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
10ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။
သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
11ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။
ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 58: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: