ဆာလံကျမ်း 60
60
အခက်အခဲကြုံရချိန်တွင် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ “သက်သေခံချက်နှင်းပန်း”သံစဉ်၊ သင်ကြားပေးရန်အတွက်၊ ဒါဝိဒ်သည် မက်ဆိုပိုတေးမီးယားပြည်နှင့်အာရံဇောဘပြည်ကို တိုက်ခိုက်ပြီးမှ ယွာဘသည်ပြန်လာ၍ ဧဒုံပြည်သားတစ်သောင်းနှစ်ထောင်တို့ကို ဆားချိုင့်ဝှမ်း၌လုပ်ကြံသောအခါ ဒါဝိဒ်စပ်ဆိုသောမိတ္တမ်သီချင်း။
1အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။
အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။
အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
2ကိုယ်တော်သည် မြေကြီးကို တုန်ခါစေ၍ ၎င်းကိုကွဲအက်စေခဲ့ပါ၏။
ထိုကွဲအက်ရာတို့ကို ပြုပြင်တော်မူပါ။
အကြောင်းမူကား ၎င်းသည် တုန်လှုပ်လျက်ရှိပါ၏။
3ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။
ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။
4ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် လေးသမားရှေ့မှထွက်ပြေးနိုင်ရန်
အချက်ပြအလံကို ကိုယ်တော်လွှင့်ထူပေးခဲ့ပါ၏။(စေလာ#60:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း
ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။
6ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ
“ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။
7ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။
ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
8မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။
ဖိလိတ္တိပြည်ကို အောင်နိုင်သောကြောင့် ငါကြွေးကြော်မည်”ဟူ၍ဖြစ်၏။
9ငါ့ကို ခံတပ်မြို့သို့ မည်သူခေါ်ဆောင်သွားမည်နည်း။
ငါ့ကိုဧဒုံပြည်သို့ မည်သူပို့ဆောင်ပေးမည်နည်း။
10အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
11ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။
အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။
12ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။
ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 60: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: