ဆာလံကျမ်း 64
64
ဆိုးညစ်သောသူတို့၏ရန်မှ ကာကွယ်ခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အို ဘုရားသခင်၊ အကျွန်ုပ်၏ညည်းတွားသံကို
နားညောင်းတော်မူပါ။
အကျွန်ုပ်၏အသက်ကို ရန်သူ၏ကြောက်မက်ဖွယ်ဘေးမှ ကာကွယ်တော်မူပါ။
2ဆိုးညစ်သောအမှုကိုပြုသောသူတို့၏ လျှို့ဝှက်ကြံစည်မှုမှလည်းကောင်း၊
အပြစ်ဒုစရိုက်ပြုသောသူတို့၏စုဝေးရာမှလည်းကောင်း အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
3သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး
မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
4အပြစ်တင်စရာမရှိသောသူကို ကွယ်ရာမှပစ်ခတ်တတ်ကြ၏။
သူတို့သည် ကြောက်ရွံ့ခြင်းမရှိဘဲ ထိုသူကို ရုတ်တရက်ပစ်ခတ်ကြ၏။
5သူတို့သည် မကောင်းသောအမှုအရာအတွက် သူတို့ကိုယ်သူတို့အားပေးကြ၏။
ထောင်ချောက်များကိုလျှို့ဝှက်စွာထောင်ရန် တိုင်ပင်လျက် “၎င်းတို့ကို မည်သူမြင်မည်နည်း”ဟု ဆိုကြ၏။
6သူတို့သည် မတရားမှုများကိုကြံစည်လျက်
“ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။
အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။
7သို့သော် ဘုရားသခင်သည် သူတို့ကိုမြားနှင့်ပစ်တော်မူ၍
သူတို့သည် ရုတ်တရက် ဒဏ်ရာရကြလိမ့်မည်။
8ကိုယ်တော်သည် သူတို့လျှာကြောင့် သူတို့ကိုလဲကျစေတော်မူလိမ့်မည်။
သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထွက်ပြေးကြလိမ့်မည်။
9ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍
ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ
ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
10ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။
စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 64: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: