ဆာလံကျမ်း 68
68
ဘုရားသခင်၏အစွမ်းသတ္တိနှင့်ဘုန်းအာနုဘော်တော်
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံသီချင်း
1ဘုရားသခင်ထတော်မူသောအခါ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်သွားကြလိမ့်မည်။
ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော်၏ရှေ့မှထွက်ပြေးကြလိမ့်မည်။
2မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။
ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည်
ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
3သို့သော် ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်၍
ဘုရားသခင်၏ရှေ့တော်၌ရွှင်လန်းကြလိမ့်မည်။
သူတို့သည် ဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးကြလိမ့်မည်။
4ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။
မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။
ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။
ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
5ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ
မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
6ဘုရားသခင်သည် အထီးကျန်သောသူတို့အား အတူနေထိုင်ရန်မိသားစုကိုပေး၍
အချုပ်အနှောင်ခံရသောသူတို့ကို ကောင်းစားရာသို့ပို့ဆောင်တော်မူ၏။
ငြင်းဆန်သောသူတို့မူကား ပူပြင်းခြောက်သွေ့သောအရပ်၌နေထိုင်ကြရ၏။
7အို ဘုရားသခင်၊ ကိုယ်တော်သည် မိမိလူမျိုးတော်၏ရှေ့မှကြွပြီး
ကန္တာရမြေကိုကျော်ဖြတ်ချီတက်တော်မူသောအခါ(စေလာ#68:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊
အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌
မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
9အို ဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာသွန်းစေ၍
ကိုယ်တော်၏အမွေတော်သည် အားအင်ကုန်ခန်းသောအခါ ၎င်းကို ပြန်လည်လန်းဆန်းစေတော်မူ၏။
10ကိုယ်တော်၏လူစုတော်သည် ထိုအရပ်၌အခြေချခဲ့ကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူတို့အတွက်
ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းထဲမှ ပြင်ဆင်ပေးတော်မူ၏။
11ဘုရားရှင်သည် နှုတ်မြွက်ပြောကြားတော်မူ၏။
ထိုကောင်းမြတ်သောသတင်းကို ပြောကြားသောအမျိုးသမီးတို့သည် အတိုင်းမသိများပြားလှ၏။
12“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍
အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
13သင်တို့သည် သိုးခြံထဲ၌အိပ်ကြရလျှင်ပင်
ငွေဖြင့်ဖုံးအုပ်ထားသောချိုးငှက်၏ တောင်ပံများကဲ့သို့လည်းကောင်း၊
ရွှေဖြင့်တောက်ပလျက်ရှိသော ထိုငှက်၏အမွေးအတောင်များကဲ့သို့လည်းကောင်း ဖြစ်ကြ၏။”
14အနန္တတန်ခိုးရှင်သည် ရှင်ဘုရင်တို့ကို ထိုအရပ်တွင် ကွဲလွင့်စေတော်မူသောအခါ
ဇာလမုန်တောင်ပေါ်၌နှင်းပွင့်ကျလေ၏။
15ဘုရားသခင်၏တောင်တော်သည် ဗာရှန်တောင်ဖြစ်၏။
တောင်ထိပ်များစွာရှိသော ဗာရှန်တောင်ဖြစ်၏။
16တောင်ထိပ်များစွာရှိသောတောင်တို့၊ ဘုရားသခင်သည်
မိမိစံပယ်ရာအရပ် ဖြစ်စေလိုသောတောင်ကို
သင်တို့သည် အဘယ်ကြောင့်မနာလိုစိတ်နှင့်ကြည့်နေကြသနည်း။
အမှန်စင်စစ် ထာဝရဘုရားသည် ထိုအရပ်၌ အစဉ်ကိန်းဝပ်တော်မူလိမ့်မည်။
17ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။
ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
18ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ
သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍
လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။#ဧ 4:8။
ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
19ငါတို့၏ဝန်ထုပ်များကို နေ့စဉ်နေ့တိုင်းထမ်းပေးတော်မူသောဘုရားရှင်သည် မင်္ဂလာရှိပါစေသော။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။(စေလာ#68:19 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
20ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။
သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
21သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ဦးခေါင်းကိုလည်းကောင်း၊
မိမိဒုစရိုက်အပြစ်များ၌လျှောက်လှမ်းနေသောသူ၏ ဆံထုံးထုံးထားသောဦးထိပ်ကိုလည်းကောင်း
ကြေမွစေတော်မူလိမ့်မည်။
22ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။
ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
23ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍
သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
24အို ဘုရားသခင်၊ ကိုယ်တော်နှင့်အတူ စီတန်းလှည့်လည်သွားသောလူတန်းတည်းဟူသော
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်နှင့်အတူ သန့်ရှင်းရာဌာနတော်သို့
စီတန်းလှည့်လည်သွားသောလူတန်းကို လူတို့မြင်ရကြပါ၏။
25ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊
အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
26ဘုရားသခင်ကို လူထုပရိသတ်ကြီးအလယ်တွင် ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရားကို အစ္စရေး၏စမ်းရေတွင်းမှ ကောင်းချီးထောမနာပြုကြလော့။
27ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍
သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊
ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။
28သင်၏ဘုရားသခင်သည် သင်၏အစွမ်းသတ္တိကိုမိန့်မှာတော်မူပြီ။
အို ဘုရားသခင်၊ အကျွန်ုပ်တို့အတွက် ပြုတော်မူသည့်အတိုင်း တန်ခိုးတော်ကိုပြသတော်မူပါ။
29ဂျေရုဆလင်မြို့ရှိ ကိုယ်တော်၏ဗိမာန်တော်ကြောင့် ရှင်ဘုရင်တို့သည် ကိုယ်တော့်ထံသို့
လက်ဆောင်ပဏ္ဏာယူဆောင်လာကြပါလိမ့်မည်။
30ကျူတောသားရဲတိရစ္ဆာန်နှင့်
လူမျိုးနွားသငယ်များအလယ်ရှိ နွားလားအုပ်ကြီးတို့ကို ဆုံးမတော်မူပါ။
ငွေချောင်းများရှိသောသူကို ခြေဖြင့်နင်းချေလျက်
စစ်မက်ကိုနှစ်သက်သောလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူပါ။
31သံတမန်တို့သည် အီဂျစ်ပြည်မှရောက်လာကြလိမ့်မည်။
အီသီယိုးပီးယားပြည်သည် ဘုရားသခင်ထံသို့ မိမိလက်ကိုဆန့်လိမ့်မည်။
32ကမ္ဘာမြေကြီးပေါ်ရှိတိုင်းနိုင်ငံတို့၊ ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။
ဘုရားရှင်ကို သီဆိုချီးမွမ်းကြလော့။(စေလာ#68:32 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
33ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။
ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
34ဘုရားသခင်၏အစွမ်းသတ္တိကို သိမှတ်ဝန်ခံကြလော့။
ကိုယ်တော်၏အာနုဘော်တော်သည် အစ္စရေးအပေါ်၌ရှိ၍
ကိုယ်တော်၏အစွမ်းသတ္တိသည် မိုးတိမ်တို့၌ရှိ၏။
35အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။
ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 68: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: