ဆာလံကျမ်း 98
98
ရှင်ဘုရင်ကိုချီးမွမ်းခြင်း
ဆာလံ
1ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။
အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။
ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည်
ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
2ထာဝရဘုရားသည် မိမိ၏ကယ်တင်ခြင်းကို ထင်ရှားစေ၍
မိမိ၏ဖြောင့်မတ်ခြင်းကို လူမျိုးတကာတို့ရှေ့၌ ဖော်ပြတော်မူပြီ။
3ကိုယ်တော်သည် အစ္စရေးအမျိုးအနွယ်အပေါ် ထားရှိသည့် မိမိ၏မေတ္တာကရုဏာတော်နှင့်
သစ္စာတော်တို့ကို အောက်မေ့တော်မူပြီ။ ကမ္ဘာမြေအစွန်းရှိသမျှတို့သည်
ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရကြပြီ။
4မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ဟစ်ကြော်လျက်၊ ရွှင်လန်းစွာသီချင်းဆိုလျက် သီဆိုချီးမွမ်းကြလော့။
5ထာဝရဘုရားကို စောင်းတီး၍ သီဆိုချီးမွမ်းကြလော့။
စောင်းတီး၍ တေးသီချင်းသံဖြင့် သီဆိုချီးမွမ်းကြလော့။
6တံပိုးခရာနှင့် သိုးချိုမှုတ်သံများဖြင့် ရှင်ဘုရင်တည်းဟူသော
ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
7ပင်လယ်နှင့် ၎င်း၌ရှိသမျှသောအရာတို့သည် မြည်ဟည်းကြပါစေ။
ကမ္ဘာလောကနှင့် ၎င်း၌နေထိုင်သောသူများသည်လည်း ထိုနည်းတူပြုကြပါစေ။
8မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌
အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။
9အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊
လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 98: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: