ဗျာဒိတ်ကျမ်း 12
12
အမျိုးသမီး၊ ကလေးငယ်နှင့် နဂါးကြီး
1ထို့နောက် ကောင်းကင်၌ ကြီးမားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်လျက် လကို ခြေအောက်၌နင်းထားကာ ဦးခေါင်းပေါ်တွင် ကြယ်တစ်ဆယ့်နှစ်လုံးပါသောသရဖူကိုဆောင်းထား၏။ 2ထိုအမျိုးသမီးသည် ကိုယ်ဝန်ဆောင်၍ သားဖွားခြင်းဝေဒနာကြောင့် အော်ဟစ်လျက် သားဖွားရန်မချိမဆံ့ခံစားနေ၏။ 3တစ်ဖန် ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထားသည့် နီရဲသောနဂါးကြီးတစ်ကောင်ရှိ၏။#ဒံ 7:7။ 4သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။#ဒံ 8:10။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။ 5ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်အုပ်ထိန်းရမည့် သားယောက်ျားကိုဖွားမြင်၏။ ထိုသားသည် ဘုရားသခင်အထံတော်သို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကိုခံရ၏။ 6ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။
ကောင်းကင်ပြင်ပသို့ ပစ်ချခံရသောနဂါးကြီး
7ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏စေတမန်တို့သည် ပြန်လည်တိုက်ခိုက်ကြသော်လည်း 8အနိုင်မရကြ။ ကောင်းကင်၌လည်း သူတို့အတွက်နေရာမရှိတော့ပေ။ 9ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။ 10ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။ 11ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။ 12သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
လိုက်လံညှဉ်းဆဲခြင်းခံရသောအမျိုးသမီး
13နဂါးသည် မြေကြီးပေါ်သို့ ပစ်ချခြင်းခံရသည်ကို သိမြင်သောအခါ သားယောက်ျားကိုဖွားမြင်သောအမျိုးသမီးအား လိုက်လံညှဉ်းဆဲလေ၏။ 14သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။#ဒံ 7:25၊ 12:7။ 15မြွေသည် ထိုအမျိုးသမီးကို ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။ 16သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။ 17ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး 18ပင်လယ်၏သဲသောင်ပြင်ပေါ်တွင် ရပ်လေ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ်ကျမ်း 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: