ဗျာဒိတ်ကျမ်း 3
3
သာဒိအသင်းတော်အတွက်သတင်းစကား
1 သာဒိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အသက်ရှင်နေသည်ဟု နာမည်ခံထားသော်လည်း သေသောသူဖြစ်၏။ 2သတိနှင့်စောင့်နေလော့။ သေလုနီးပါးဖြစ်နေသည့် ကျန်ရှိသောသူတို့ကို ခိုင်ခံ့မြဲမြံစေလော့။ အကြောင်းမူကား သင်၏လုပ်ဆောင်မှုများသည် ငါ၏ဘုရားသခင်ရှေ့တော်၌ ပြည့်စုံသည်ဟူ၍ ငါမတွေ့ရပေ။ 3ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။
4 သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာရကြလိမ့်မည်။ 5အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။ 6ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဖိလဒေလဖိအသင်းတော်အတွက် သတင်းစကား
7 ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက #
ဟေရှာ 22:22။ ဤသို့မိန့်တော်မူ၏။ 8သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။ 9ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။ 10သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
11 ငါသည် အလျင်အမြန်လာမည်။ #
ဗျာ 2:16၊ 22:7,12,20။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။ 12ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။ 13ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
လောဒိကိအသင်းတော်အတွက် သတင်းစကား
14 လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။ 15သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။ 16သင်သည် ဤသို့ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်၊ မပူမအေးဖြစ်နေသောကြောင့် သင့်ကို ငါ့ခံတွင်းထဲမှ ထွေးထုတ်တော့မည်။ 17သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။ 18သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
19 ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ #
ဟေဗြဲ 12:6၊ ယောဘ 5:17၊ သု 3:11-12။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။ 20ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။
21 ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။ 22ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ်ကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: