ရှောလမုန်သီချင်း 3
3
1ညအချိန်များ၌ အိပ်ရာပေါ်တွင် အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို ရှာဖွေမိပါ၏။ ရှာသော်လည်း မတွေ့ပါ။
2‘ငါထပြီး မြို့ထဲသွားမည်။ လမ်းတကာ၊ လမ်းဆုံလမ်းခွတို့တွင် ငါချစ်မြတ်နိုးသောအရှင်ကို ရှာပါမည်’ဟု ဆိုပြီး ရှာသော်လည်း မတွေ့ပါ။
3မြို့ထဲတွင် ကင်းလှည့်နေသူတို့သည် အကျွန်ုပ်ကိုတွေ့ကြ၏။ အကျွန်ုပ်က ‘အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို သင်တို့တွေ့မိပါသလား’ဟု မေးပါ၏။
4ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
5အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။”
အခြားသူ
6“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
7ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
8ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။
9ရှောလမုန်မင်းကြီးသည် ကိုယ့်အဖို့ ထိုဝေါယာဉ်ကို လက်ဘနွန်သစ်သားများဖြင့် ပြုလုပ်ထား၏။
10ဝေါယာဉ်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ခြေကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ခုံအခင်းကို ခရမ်းရောင်အထည်ဖြင့်လည်းကောင်း ပြုလုပ်ထား၏။ ဂျေရုဆလင်သမီးပျိုတို့သည် အတွင်းပိုင်းကို ချစ်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထား၏။
11အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။”
လက်ရှိရွေးချယ်ထားမှု
ရှောလမုန်သီချင်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: