YouVersion လိုဂို
ရှာရန် အိုင်ကွန်

က~မ္ဘာ~ဦး~ကျမ်း။ 4

4
1ထို နောက် လူ သည် မ ယား ဧ ဝ နှင့် ဆက် ဆံ သ ဖြင့် ဧ ဝ သ န္ဓေ စွဲ ယူ၍ ကာ ဣ န ကို ဖွား မြင် လျှင် ထာ ဝ ရ ဘုရား မ စ တော် မူ ခြင်း ဖြင့် သား ယော ကျ်ား ကို #4.1 ပါ ဠိ - ကာဣ န ဟူ သော အမည် နှင့် ညီ ၏။ငါ ရ ပြီ ဟု ဆို လေ ၏။ 2တစ် ဖန် ညီ အာ ဗေ လ ကို ဖွား မြင် လေ၏။ အာ ဗေ လ သည် သိုး ထိန်း ဖြစ်၏။ ကာ ဣ န မူ ကား လယ် ယာ လုပ် သူ ဖြစ် ၏။ 3အ ချိန် ကျ သော အ ခါ ကာ ဣ န သည် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် မြေ အ သီး အ နှံ ကို ဆောင် ခဲ့ သော်၊ 4အာ ဗေ လ လည်း ကိုယ့် သိုး အုပ် မှ သား ဦး နှင့် သိုး ဆီ ဥ ကို ဆောင် ခဲ့ ရာ ထာ ဝ ရ ဘု ရား သည် အာ ဗေ လ နှင့် သူ့ ပူဇော် သ က္ကာ ကို အာ ရုံ ပြု သော် လည်း၊ 5ကာ ဣ န နှင့် သူ့ ပူ ဇော် သ က္ကာ ကို အာ ရုံ ပြု တော် မ မူ။ ထို ကြောင့် ကာ ဣ န သည် အ လွန် ဒေါ သ ထွက် လျက် မျက် နှာ ညှိုး လေ ၏။ 6ထာ ဝ ရ ဘု ရား က လည်း သင် သည် အ ဘယ် ကြောင့် ဒေါ သ ထွက်၍ မျက် နှာ ညှိုး ရ သ နည်း။ 7အ ကောင်း ပြု လျှင် မျက် နှာ ရွှင် ရ မည် မ ဟုတ် လော။ မ ပြု လျှင် မူ ကား အ ပြစ် သည် တံ ခါး ၀ မှာ၀ပ် ချောင်း လျက် သင့် ကို အ လို ရှိ သော် လည်း၊ ၎င်း အ ပြစ် ကို အုပ် စိုး လော့ ဟု ကာ ဣ န အား မိန့် တော် မူ ၏။ 8ကာ ဣ န သည် ညီ အာ ဗေ လ နှင့် စ ကား ပြော လျက် လယ်၌ ရှိ ကြ စဉ် ညီ အာ ဗေ လ ကို ရန် ဘက် ပြု၍ သတ် လေ ၏။ 9ထာ ဝ ရ ဘု ရား က လည်း သင့် ညီ အာ ဗေ လ ကား အ ဘယ် မှာ နည်း ဟု ကာ ဣ န ကို မေး တော် မူ သော် ကျွန် တော် မ သိ ပါ။ ကျွန် တော် သည် ညီ ကို ထိန်း ရ သော သူ ဖြစ် ပါ သ လော ဟု ပြန် လျှောက် ရာ သင် သည် မည် သို့ ပြု ဘိ သ နည်း။ 10သင့် ညီ အ သွေး ၏ အ သံ သည် မြေ ထဲ က အော် ဟစ် လျက် ရှိ သည် တ ကား။ 11သို့ ဖြစ်၍ သင် သည် ထုတ် ခဲ့ သော ညီ ၏ အ သွေး ကို ခံ ယူ ခြင်း ငှါ ခံ တွင်း ဟ သော မြေ မှ အ မင်္ဂ လာ ခံ ရ လျက်၊ 12ယ ခု မှ စ၍ မြေ၌ လုပ် ကိုင် သော အ ခါ အ သီး အ နှံ ကို မ ရ ဘဲ၊ မြေ ကြီး ပေါ် မှ ပြေး ရ သော သူ၊ လေ လွင့် သော သူ ဖြစ် ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ 13ကာ ဣ န က လည်း ကျွန် တော် ခံ နိုင် သည် ထက် အ ပြစ် ဒဏ် ကြီး လွန်း ပါ သည် တ ကား။ 14ကျွန် တော် ကို ဤ မြေ ပြင် မှ ယ နေ့ နှင် ထုတ် တော် မူ ပြီ။ မျက် နှာ တော် ကို လည်း မ ဖူး မြင် ရ ဘဲ၊ မြေ ကြီး ပေါ် မှာ ပြေး ရ သော သူ၊ လေ လွင့် သော သူ ဖြစ် ရ ပါ တော့ မည်။ တွေ့ သ မျှ သော သူ တို့ သည် ကျွန် တော် ကို သတ် ပါ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား အား လျှောက် ဆို သော်၊ 15ထာ ဝ ရ ဘု ရား က သို့ ဖြစ်၍ ကာ ဣ န ကို သတ် သော သူ မည် သည် ကား ခု နစ် ဆ သော လက် စား​ ချေ ခြင်း ကို ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင် ကာ ဣ န ကို တွေ့ သော သူ တစ် စုံ တစ် ယောက် မျှ မ သတ် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား သည် အ မှတ် လ က္ခ ဏာ ပေး ထား တော် မူ ၏။
16ကာ ဣ န သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ထွက် သွား၍ ဧ ဒင် အ ရှေ့၊ နော ဒ ပြည် တွင် နေ စဉ်၊ 17မ ယား နှင့် ဆက် ဆံ သ ဖြင့် မ ယား သ န္ဓေ စွဲ ယူ၍ သား ဧ နောက် ကို ဖွား မြင် လေ ၏။ မြို့ ကို လည်း ကာ ဣ န တည် ၍ ဧ နောက် မြို့ ဟု သား၏ အ မည် ကို စွဲ လျက် မှည့် ခေါ် လေ ၏။ 18ဧ နောက် သား ကား ဣ ရဒ်၊ ဣ ရဒ် သား ကား မ ဟု ယေ လ၊ မ ဟု ယေ လ သား ကား မ သု ရှ လ၊ မ သု ရှ လ သား ကား လာ မက် တည်း။ 19လာ မက် သည် အာ ဒ နှင့် ဇိ လ အ မည် ရှိ သော မိန်း မ နှစ် ယောက် တို့ နှင့် အိမ် ထောင် ဘက် ပြု ၍၊ 20အာ ဒ သည် သား ယာ ဗ လ ကို ဖွား မြင် လေ ၏။ ထို သား ကား တဲ၌ နေ လျက် သိုး နွား စ သည် တို့ ကို မွေး သော သူ တို့၏ အ ဘ ဖြစ် လေ ၏။ 21ယု ဗ လ အ မည် ရှိ သော ညီ မူ ကား၊ စောင်း၊ နှဲ ခ ရာ များ ကို တီး မှုတ် တတ် သော သူ အ ပေါင်း တို့၏ အ ဘ ဖြစ် လေ ၏။ 22ဇိ လ လည်း သား တု ဗ လ ကာ ဣ န ကို ဖွား မြင် လေ ၏။ ထို သား သည် ပန်း တဉ်း သ မား၊ ပန်း ပဲ သ မား အ ပေါင်း တို့၏ ဆ ရာ ဖြစ် လေ သ တည်း။ တု ဗ လ ကာ ဣ န၏ နှ မ ကား နေ မ အ မည် ရှိ ၏။ 23လာ မက် က လည်း အာ ဒ နှင့် ဇိ လ တို့၊ ငါ ပြော ဆို သံ ကို ကြား နာ ကြ လော့။ လာ မက် မ ယား တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။ ငါ့ ကို ထိ ရှ စေ သော သူ တည်း ဟူ သော ငါ့ အား နာ ကျင် စေ သော လူ ပျို ကို ငါ သတ် ခဲ့ ပြီ။ 24ကာ ဣ န သည် ခု နစ် ဆ သော လက် စား ချေ ခွင့် ကို ရ လျှင် လာ မက် မူ ကား ခု နစ် ဆယ့် ခု နစ် ဆ ကို ရ လိမ့် မည် ဟု မ ယား တို့ အား ပြော ဆို၏။
25အာ ဒံ လည်း မ ယား နှင့် ဆက် ဆံ ပြန် လျှင်၊ မ ယား သည် သား ကို ဖွား မြင်၍ ကာ ဣ န သတ် ခဲ့ သော အာ ဗေ လ အ စား အ နွယ် တစ် မျိုး ကို ကျွန် မ အ ဖို့ ဘု ရား သ ခင်#4.25 ပါ ဠိ - ရှေ သ ဟူ သော အ မည် နှင့် ညီ ၏။ ခန့် ထား တော် မူ ပြီ ဟု ဆို လျက် ရှေ သ အ မည် ဖြင့် မှည့် လေ ၏။ 26ရှေ သ လည်း သား ကို ရ၍ ဧ နုတ် အ မည် ဖြင့် မှည့် လေ၏။ ထို ကာ လ၌ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု စ ဖြစ် ကြ လေ၏။

လက်ရှိရွေးချယ်ထားမှု

က~မ္ဘာ~ဦး~ကျမ်း။ 4: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ