YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~လု~ကာ 5

5
1တစ် ရံ တစ် ခါ၌ ဂ င်္နေ သ ရက် အိုင် နား တွင် ရပ် နေ တော် မူ သော ကိုယ် တော့် ထံ ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ ရန်၊ လူ အ မြောက် အ မြား တို့ တိုး လာ ကြ စဉ်၊ 2ပိုက် များ ကို လျှော် ရန် တံ ငါ တို့ ဆင်း ခဲ့ ကြ ရာ ကမ်း နား တွင် ဆိုက် ထား သော လှေ နှစ် စင်း ကို မြင် တော် မူ သော်၊ 3ရှိ မုန် ပိုင် တစ် စင်း ပေါ် သို့ တက်၍ အ နည်း ငယ် ခွာ စေ ရန် လှေ့ ရှင် ကို ခိုင်း ပြီး လျှင် လှေ ပေါ် တွင် ထိုင် လျက် လူ ပ ရိ သတ် အား ဒေ သ နာ ပေး တော် မူ၏။ 4ဒေ သ နာ တော် အ ဆုံး၌ ရှိ မုန် အား ရေ နက် ရာ သို့ လှော်၍ ဆွဲ ဖမ်း ရန် ပိုက် ချ လော့ ဟု မိန့် တော် မူ သည့် ကာ လ၊ 5ရှိ မုန် က သ ခင်၊ ကျွန် တော် တို့ သည် တစ် ညဉ့် လုံး ကြိုး စား ပါ သော် လည်း အ နည်း ငယ် မျှ မ ရ ပါ။ 6သို့ ရာ တွင် သ ခင့် အ မိန့် အ တိုင်း ချ ပါ ဦး မည် ဟု ဆို ပြီး မှ ချ ကြ ရာ ငါး များ စွာ ကို ဝိုင်း မိ သ ဖြင့် ပိုက် စုတ် လျက် ရှိ သည် နှင့်၊ 7အ ခြား လှေ ရှိ လုပ် ဖော် တို့ ကို အ ကူ အ ညီ လာ ကြ စေ ရန် လက် ယပ် သည့် အ တိုင်း ရောက် လာ ကြ သော်၊ နှစ် စင်း လုံး အ ပြည့် ထည့် ရ၏။ 8နစ် လု မ တတ် ဖြစ် သည် ကို မြင် သော် ရှိ မုန် ပေ တ ရု သည်၊ ယေ ရှု ဒူး တော် အ နီး ပျပ် ဝပ် လျက် အ ရှင် ဘု ရား၊ အ ပြစ် သား ဖြစ် သော ကျွန် တော့် ထံ မှ ထွက် ကြွ တော် မူ ပါ ဟု လျှောက်၏။ 9-10အ သို့ ဆို သော် ရှိ မုန် မှ စ၍ ဇေ ဗေ ဒဲ့ သား ဆောင် ဖက် ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန် တို့ သည် အ ပေါင်း အ ဖော် တို့ ပါ ဖမ်း မိ သော ငါး များ ကြောင့် အံ့ အား သင့် ကြ သ တည်း။ ထို အ ခါ ရှိ မုန် အား ယေ ရှု က၊ မ ကြောက် ကြ နှင့်။ ယ ခု မှ စ၍ သင် သည် လူ တို့ ကို ဖမ်း မိ ရ မည် ဟု မိန့် တော် မူ သော်၊ 11ထို သူ တို့ သည် လှေ များ ကို ကမ်း၌ ဆိုက် ပြီး လျှင် အ လုံး စုံ စွန့် ခဲ့၍ နောက် တော် က လိုက် ကြ ၏။
12မြို့ တစ် မြို့ တွင် ရှိ နေ တော် မူ စဉ် တစ် ကိုယ် လုံး နူ နာ စွဲ သူ တစ် ယောက် သည် ယေ ရှု ကို မြင် သော် ပျပ် ဝပ် လျက် အ ရှင် ဘု ရား၊ အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် ထား ရာ၊ 13ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ ကင်း ပျောက် ၏။ 14ကိုယ် တော် က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော စေ ရန် တား မြစ် လျက် ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သည့် အ တိုင်း သက် သေ အ ဖြစ် သန့် ရာ ရောက် သည့် အ တွက် ဆက် ကပ် လော့ ဟု မိန့် မှာ တော် မူ သော် လည်း၊ 15အ ကြောင်း သ တင်း တော် သည် တိုး ၍ ကြေ ငြာ သ ဖြင့် ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း၊ ကြီး စွာ သော လူ ပ ရိ သတ် တို့ စု ရုံး လာ ရောက် ကြ၏။ 16ကိုယ် တော် မူ ကား တော၌ ပ ဌ နာ ပြု လျက် ရှောင် နေ တော် မူ၏။
17တစ် နေ့ သ၌ ဒေ သ နာ ပေး တော် မူ စဉ် ဂါ လိ လဲ နယ်၊ ယု ဒ နယ် မြို့ ရွာ ရှိ သ မျှ နှင့် ယေ ရှု ရှ လင် မြို့ မှ ရောက် လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း ဆ ရာ တို့ ထိုင် နေ ကြ ရာ အ နာ ရော ဂါ ကင်း ပျောက် စေ ရန် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် သည် ကိုယ် တော်၌ ရှိ ၏။ 18ထို အ ခါ သွက် ချာ ပါ ဒ စွဲ သူ တစ် ယောက် ကို ထမ်း စင် ပေါ် တွင် ဆောင် လျက် ရှေ့ တော် သို့ သွင်း ထား ရန် ရှာ ကြံ ကြ သော်၊ 19လူ ပ ရိ သတ် ထူ ထပ် သော ကြောင့် သွင်း ရာ မ တွေ့ သ ဖြင့် အိမ် မိုး သို့ တက် ပြီး လျှင် အုတ် ကြွပ် များ ကို ဖောက်၍ ထမ်း စင် နှင့် တ ကွ သူ နာ ပါ ပ ရိ သတ် အ လယ် ကိုယ် တော့် ရှေ့ လျှော ချ ကြ ၏။ 20ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ကိုယ် တော် က အ ချင်း လူ၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု မိန့် တော် မူ လျှင်၊ 21ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ က၊ ပုတ် ခတ် မှု စ ကား ကို ပြော ဆို သော ဤ သူ ကား မည် သူ နည်း။ ဘု ရား သ ခင် မှ တစ် ပါး မည် သူ အ ပြစ် ဖြေ လွှတ် နိုင် သ နည်း ဟု ဆင် ခြင် အောက် မေ့ ကြ၏။ 22ထို သို့ ဆင် ခြင် ကြ သည် ကို သိ မြင် တော် မူ သ ဖြင့် ယေ ရှု က၊ အ ဘယ် ကြောင့် စိတ်၌ ဆင် ခြင် ကြ သ နည်း။ 23အ ပြစ် ပြေ လွတ် ပြီ ဟု ဆို ရန် လွယ် ကူ သ လော။ ထ၍ လှမ်း သွား လော့ ဟု ဆို ရန် လွယ် ကူ သ လော။ 24လူ့ သား သည် ဤ မြေ ကြီး ပေါ် တွင် အ ပြစ် ဖြေ လွတ် ခွင့် အာ ဏာ ရှိ ကြောင်း ကို သင် တို့ သိ စေ ခြင်း ငှါ ထ လော့၊ ထမ်း စင် ကို ဆောင်၍ အိမ် ပြန် လော့၊ ငါ ဆို သည် ဟု သွက် ချာ ပါ ဒ စွဲ သူ့ အား မိန့် တော် မူ သော်၊ 25သူ တို့ ရှေ့ ချက် ချင်း ထ ပြီး လျှင် အိပ် ခဲ့ ရာ ထမ်း စင် ကို ဆောင်၍ ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် လျက် အိမ် သို့ ပြန် သွား လေ၏။ 26ထို သူ ရှိ သ မျှ လည်း ကြောက် ရွံ့ ထိတ် လန့် အံ့ အား သင့်၍ ငါ တို့ သည် အ ထူး အ ဆန်း ကို ယ နေ့ မြင် ရ ပြီ ဟု ဆို လျက် ဘု ရား သခင့် ဘုန်း တော် ကို ချီး မြှောက် ကြ၏။
27ထို နောက် ကိုယ် တော် သည် ထွက် ကြွ တော် မူ ရာ အ ခွန် ရုံး တွင် ထိုင် နေ သော လေ ဝိ အ မည် ရှိ သူ အ ခွန် ကောက် တစ် ယောက် ကို ရှု မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော်၊ 28ထို သူ သည် ထ ပြီး လျှင် အ လုံး စုံ စွန့် ခဲ့၍ နောက် တော် က လိုက်၏။ 29လေ ဝိ သည် ကိုယ့် အိမ် တွင် ကိုယ် တော့် အ ဖို့ ခမ်း နား သော စား သောက် ပွဲ ကျင်း ပ ရာ အ ခွန် ကောက် များ၊ အ ခြား သူ များ တို့ နှင့် အ တူ စား ပွဲ ထိုင် ကြ သ ဖြင့်၊ 30ဖာ ရိ ရှဲ တို့ နှင့် ဂိုဏ်း ပါ ကျမ်း တတ် ဆ ရာ တို့ က၊ သင် တို့ သည် အ ဘယ် ကြောင့် အ ခွန် ကောက် များ အ ပြစ် သား များ နှင့် အ တူ စား သောက် ကြ သ နည်း ဟု တ ပည့် တော် တို့ အား ညည်း ညူ မေး မြန်း ကြ ရာ၊ 31ကိုယ် တော် က၊ ကျန်း မာ သော သူ တို့၌ ဆေး သ မား မ လို။ နာ သော သူ တို့၌ သာ လို၏။ 32ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို နောင် တ ရ စေ ခြင်း ငှါ ခေါ် ရန် ရောက် လာ ပြီ ဟု ပြန်၍ မိန့် တော် မူ၏။ 33ထို သူ တို့ က လည်း၊ ယော ဟန်၏ တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တ ပည့် တို့ သည် အ ဖန် ဖန် အ စာ ရှောင် ခြင်း၊ အ သ နား တော် ခံ ခြင်း ပြု လျက် ဆ ရာ့ တ ပည့် တို့ စား သောက် နေ ကြ ပါ သည် တ ကား ဟု ဆို ကြ သော်၊ 34ယေ ရှု က၊ မင်္ဂ လာ ဆောင် သ တို့ သား အ တူ ရှိ နေ စဉ် လူ ပျို ရံ တို့ ကို အ စာ ရှောင် စေ နိုင် ကြ သ လော။ 35သို့ သော် လည်း မင်္ဂ လာ ဆောင် သ တို့ သား ကို ရုပ် သိမ်း မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။ ထို နေ့ ရက် ကာ လ၊ အ စာ ရှောင် ကြ လ တ္တံ့ ဟု ပြန်၍ မိန့် တော် မူ၏။ 36၎င်း ပြင်၊ ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ မည် သူ မျှ အ င်္ကျီ သစ် မှ ဆုတ် ယူ၍ အ င်္ကျီ ဟောင်း ကို မ ဖာ တတ်။ ဖာ လျှင် အ သစ် ကို ဆုတ် ခြင်း အ သစ် စ လည်း အ ဟောင်း နှင့် မ လိုက် ခြင်း ရှိ လိမ့် မည်။ 37သား ရေ ဘူး ဟောင်း တွင် မည် သူ မျှ စ ပျစ် ရည် သစ် ကို မ ထည့် တတ်။ ထည့် လျှင် ဘူး ကို စ ပျစ် ရည် သစ် ဖောက် ခွဲ သ ဖြင့် စ ပျစ် ရည် ယို၍ ဘူး ပျက် လိမ့် မည်။ 38-39စ ပျစ် ရည် သစ် ကို ဘူး သစ် တွင် ထည့် ရ သည်။ စ ပျစ် ရည် ဟောင်း ကို သောက် သူ သည် စ ပျစ် ရည် သစ် ကို အ လို မ ရှိ။ အ ဟောင်း ကောင်း ကြောင်း ဆို တတ် သည် ဟု မိန့် တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~လု~ကာ 5: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ