YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မာ~ကု 11

11
1ယေ ရု ရှ လင် မြို့ အ နီး သံ လွင် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ၊ ဗေ သ နိ ရွာ များ သို့ ရောက် ကြ သော်၊ 2တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက် ရှေ့ ရွာ သို့ သွား၍ ဝင် မိ လျှင် မည် သူ မျှ မ စီး ဖူး သော မြည်း ငယ် တစ် ကောင် ချည် ထား သည် ကို တွေ့ လိမ့် မည်။ ဖြည်၍ ဆွဲ ခဲ့ ကြ။ 3အ ဘယ် ကြောင့် ထို သို့ ပြု သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ သည်။ ချက် ခြင်း ပြန် ပို့ တော် မူ မည့် အ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် သည့် အ တိုင်း၊ 4တ ပည့် တော် တို့ သွား၍ အိမ် တံ ခါး အ နီး လမ်း တွင် ချည် ထား သည့် မြည်း ငယ် တစ် ကောင် ကို တွေ့၍ ဖြည် ကြ စဉ်၊ 5ရပ် နေ သူ အ ချို့ က မြည်း ငယ် ကို အ ဘယ် ကြောင့် ဖြည် သ နည်း ဟု မေး ကြ သော်၊ 6ယေ ရှု မှာ တော် မူ လိုက် သည့် အ လျောက် ပြန် ပြော သ ဖြင့် ယူ သွား ခွင့် ရ ကြ ၏။ 7ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် ကြ ပြီး နောက်၊ 8ကိုယ် တော် စီး တော် မူ ရာ လူ အ များ တို့ သည် ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း လျက် အ ချို့ က တော ရှိ သစ် ရွက် များ ကို ခုတ် ယူ စီ ခင်း ကြ၏။ 9ရှေ့ နောက် လိုက် ပါ သူ တို့ က လည်း အောင် သံ ပေး ကြ ပါ စေ။ ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ သော အ ရှင် ၌ မင်္ဂ လာ ရှိ ပါ စေ သော။ 10ငါ တို့ အ ဘ ဒါ ဝိဒ် မင်း၏ တည် လ တ္တံ့ သော နိုင် ငံ တော် လည်း မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘ ဝဂ် ဝယ် အောင် သံ ပေး ကြ ပါ စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။
11ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ ရှိ ဗိ မာန် တော် တွင်း သို့ ဝင်၍ အ ရာ ခပ် သိမ်း ကို လှည့် ကြည့် ပြီး နောက် ည နေ ချမ်း အ ချိန် ကျ ရောက် သ ဖြင့် တစ် ဆယ့် နှစ် ပါး တို့ နှင့် တ ကွ ဗေ သ နိ ရွာ သို့ ထွက် ကြွ တော် မူ ၏။
12နောက် နေ့ ဗေ သ နိ ရွာ မှ ထွက် လာ ကြ စဉ် ကိုယ် တော် သည် ဆာ မွတ် သ ဖြင့်၊ 13အ ရွက် စည် ကား သော သ ဖန်း ပင် ကို အ ဝေး က မြင် ၍ အ သီး တွေ့ လို တွေ့ ညား ကြွ ရောက် သော် သီး ချိန် မ တိုင်၍ အ ရွက် များ ကို သာ တွေ့ တော် မူ သည် နှင့်၊ 14ယ ခု က စ၍ ကာ လ အ စဉ် မည် သူ မျှ သင် မှ အ သီး မ စား ရ ဟု မိန့် တော် မူ ရာ တ ပည့် တော် တို့ ကြား ကြ ၏။
15ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သော် ကိုယ် တော် သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ တို့ ကို နှင် ထုတ်၍ ကြေး ငွေ လဲ လှယ် သူ တို့၏ စား ပွဲ များ နှင့်၊ ချိုး ရောင်း သူ တို့၏ ထိုင် ခုံ များ ကို မှောက် လှန် တော် မူ သည့် ပြင်၊ 16အ သုံး အ ဆောင် ထမ်း ယူ ဖြတ် သွား သူ တို့ ကို ဆီး တား လျက်၊ 17ငါ့ ဗိ မာန် ကို လူ အ မျိုး မျိုး တို့ ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် ကြ လိမ့် မည်။ ကျမ်း ချက် ရှိ သည် မ ဟုတ် လော။ သင် တို့ မှာ မူ ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ ဆုံး မ မိန့် ဆို တော် မူ ၏။ 18ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ သည် ကြား ကြ သော် ဒေ သ နာ တော် ကို လူ ပ ရိ သတ် ရှိ သ မျှ အံ့ သြ ကြ သော ကြောင့် ကိုယ် တော် ကို ကြောက် ရွံ့ သ ဖြင့် မည် သို့ ဖျက် ဆီး ရ မည့် အ ကြောင်း ရှာ ကြံ ကြ ၏။ 19ကိုယ် တော် သည် ည နေ ချမ်း အ ချိန် ကျ ရောက် သော် မြို့ မှ ထွက် ကြွ တော် မူ ၏။
20နံ နက် အ ခါ သ ဖန်း ပင် ကို သီ သွား ကြ စဉ် အ မြစ် ပါ သွေ့ ခြောက် သည် ကို မြင် ကြ ရာ၊ 21ပေ တ ရု သည် သ တိ ရ၍ ဆ ရာ တော်၊ အ မင်္ဂ လာ ခံ ရ သော သ ဖန်း ပင် သွေ့ ခြောက် ပါ ပြီ တ ကား ဟု လျှောက် သော်၊ 22ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။ 23မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။ 24ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။ 25သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။#11.26 သင် တို့ မဖြေ လွှတ် လျှင် မူ ကား ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည်၊ သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ မည် မ ဟုတ် ဟူ သော နံ ပါတ် ၂၆ သည် ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။
27ယေ ရု ရှ လင် မြို့ သို့ လာ ရောက် ကြ ပြန်၍ ဗိ မာန် တော် တွင် စင်္ကြံ ကြွ တော် မူ စဉ် ပ ရော ဟိတ် ကြီး များ ကျမ်း တတ် ဆ ရာ များ နှင့် လူ ကြီး များ တို့ သည် ချဉ်း ကပ် လျက်၊ 28ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု သ နည်း။ ထို သို့ ပြု စေ ရန် မည် သူ က အ ခွင့် အာ ဏာ အပ် ပေး သ နည်း ဟု မေး ကြ ရာ၊ 29ယေ ရှု က သင် တို့ ကို ပု စ္ဆာ တစ် ချက် ငါ မေး ဦး မည်။ ဖြေ ဆို ကြ လော့။ သို့ မှ ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ ပြော မည်။ 30ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ သည် ကောင်း ကင် မှ လော။ လူ တို့ မှ လော။ ဖြေ ဆို ကြ ဟု မိန့် တော် မူ သော်၊ 31ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။ 32လူ တို့ မှ ဖြစ် လာ ကြောင်း ဖြေ ကြ ကုန် အံ့ ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ သော် လည်း ယော ဟန် သည် ပ ရော ဖက် မှန် ကြောင်း ရှိ သ မျှ တို့ မှတ် ယူ ကြ သည် နှင့် ပြည် သူ ပြည် သား တို့ ကို ကြောက် ရွံ့ သော ကြောင့် ငါ တို့ မ သိ ဟု ယေ ရှု အား ဖြေ ဆို ကြ ၏။ 33ထို အ ခါ ယေ ရှု က ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ လည်း ပြော မည် မ ဟုတ် ဟု မိန့် တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မာ~ကု 11: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ