ရှင်~မာ~ကု 15
15
1နံ နက် မိုး သောက် သော် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ၊ ကျမ်း တတ် ဆ ရာ များ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ သည် တိုင် ပင် ပြီး လျှင် ယေ ရှု ကို ချည် နှောင် ယူ သွား၍ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။ 2ထို အ ခါ ပိ လတ် မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ သင် ဆို သည့် အ တိုင်း တည်း ဟု ပြန်၍ မိန့် တော် မူ ၏။ 3ထို နောက် ပ ရော ဟိတ် ကြီး တို့ သည် အ ပြစ် များ စွာ စွဲ ဆို ကြ သည့် ကာ လ၊ 4ပိ လတ် မင်း က တစ် ခွန်း တစ် ပါ ဒ မျှ မ ထု ချေ လော။ သင့် အ ပေါ် မှာ မည် မျှ အ ပြစ် စွဲ ဆို ကြ သည် ကို မှတ် သား လော့ ဟု မိန့် ဆို ပြန် သော်၊ 5ယေ ရှု သည် တစ် ခွန်း တစ် ပါ ဒ မျှ မိန့် ပြန် တော် မ မူ သော ကြောင့် ပိ လတ် မင်း အံ့ သြ ၏။
6ဘု ရင် ခံ မင်း သည် လူ ပ ရိတ် သတ် လျှောက် တောင်း ရာ အ ကျဉ်း သား တစ် ယောက် ကို ထို ပွဲ အ ခါ တွင် လွှတ် မြဲ ဖြစ် သည့် အ တိုင်း၊ 7အ တွင်း မီး ထ ရာ လူ သတ် မှု ကျူး လွန် သူ တို့ နှင့် တ ကွ ဗာ ရ ဗ္ဗ ခေါ် အ ကျဉ်း သား တစ် ယောက် ရှိ သ ဖြင့် ထုံး စံ ရှိ သည့် အ လျောက်၊ 8သ နား ပါ မည့် အ ကြောင်း တိုး ဝင် လျှောက် တောင်း ကြ ၏။ 9-10ပိ လတ် မင်း သည် ပ ရော ဟိတ် ကြီး တို့ ငြူ စူ၍ ပို့ အပ် ကြ သည် ကို သိ မြင် သော ကြောင့် ယု ဒ လူ မျိုး တို့ ဘု ရင် ကို လွှတ် စေ လို သ လော ဟု မေး ပြီး လျှင်၊ 11ဗာ ရ ဗ္ဗ ကို လွှတ် ခွင့် တောင်း ကြ စေ ရန် လူ ပ ရိ သတ် အား ပ ရော ဟိတ် ကြီး တို့ တိုက် တွန်း ကြ သ ဖြင့်၊ 12ယု ဒ လူ မျိုး တို့ ဘု ရင် ဟု သင် တို့ ခေါ် သော သူ့ ကို မည် သို့ ပြု ရ မည် နည်း ဟု ပိ လတ် မင်း မေး ပြန် ရာ၊ 13ကား တင် ပါ ဟု ဟစ် ပြန် ကြ ၏။ 14ပိ လတ် မင်း က လည်း အ ဘယ် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ သ ဖြင့်၊ 15ပိ လတ် မင်း သည် လူ ပ ရိတ် သတ် ကို ကျေ နပ် စေ လို သည် နှင့် ဗာ ရ ဗ္ဗ ကို လွှတ်၍ ယေ ရှု ကို ရိုက် ဒဏ် ခတ် ပြီး လျှင် ကား တင် စေ ရန် အပ် လိုက် ၏။
16စစ် သည် တို့ လည်း ကိုယ် တော် ကို ပ ရဲ တော ရိ ခေါ် ရုံး တော် တံ တိုင်း အ တွင်း ယူ သွား ၍ တစ် တပ် လုံး စု ရုံး စေ ပြီး လျှင်၊ 17က မ္ပ လာ နီ ကို ဆင် ယင် ခြင်း၊ ဆူး ဦး ရစ် ရက်၍ ဆောင်း စေ ခြင်း၊ 18ယု ဒ လူ မျိုး တို့ ဘု ရင်၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု သြ ဘာ ဆက် ခြင်း၊ 19ဦး ခေါင်း တော် ကို ကျူ လုံး နှင့် ရိုက် ခြင်း၊ ကိုယ် တော် ကို တံ တွေး တွေး ခြင်း၊ ဒူး တုပ် ရှိ ခိုး ခြင်း များ ကို ပြု ကြ ၏။ 20ထို သို့ ပြောင် လှောင် ပြီး နောက် က မ္ပ လာ နီ ကို လဲ လျက် အ ဝတ် တော် ကို ဆင် ယင် ပြီး လျှင် ကား တင် ရန် ထုတ် သွား ကြ၏။
21ကျေး တော မှ လာ သော ခ ရီး သည် ကု ရေ နေ ပြည် သား အ လေ ဇ န္ဒြု နှင့် ရု ဖု တို့ အ ဖ ရှိ မုန် ကို အ နိုင့် အ ထက် ကား တိုင် ထမ်း ခိုင်း လျက်၊ 22ဦး ခေါင်း ခွံ ဟူ၍ ဆို လို သော ဂေါ လ ဂေါ သ အ ရပ် သို့ ကိုယ် တော် ကို ထုတ် သွား ကြ သော်၊ 23မု ရန် ဆေး စပ် ထား သော စ ပျစ် ရည် ကို ပေး ကြ ရာ မ ယူ ဘဲ နေ တော် မူ ၏။ 24ကား တင် ကြ ပြီး လျှင် အ သီး သီး တို့ ယူ ရ စေ ရန် အ ဝတ် တော် များ ကို မဲ ချ၍ ခွဲ ဝေ ကောက် ယူ ကြ၏။ 25-26ယု ဒ လူ မျိုး တို့ ဘု ရင် ဟူ သော စွဲ ဆို ချက် က မ္ပည်း ကို ဆွဲ ထား လျက် နံ နက် ကိုး နာ ရီ အ ချိန် ကား တင် ကြ ရာ၊ 27ကိုယ် တော် နှင့် အ တူ ဝဲ ယာ တော်၌ တစ် ယောက် စီ ဓား ပြ နှစ် ယောက် ကို လည်း ကား တင် ကြ၏။#15.28 လွန် ကျူး သူ တို့ စာရင်း သွင်း သည် ဟူ သော ကျမ်း ချက် အ တိုင်း ထို သို့ ပြည့် စုံ သ တည်း ဟူ သော နံ ပါတ် ၂၈ သည် ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။ 29သီ သွား သူ တို့ သည် ဦး ခေါင်း လှုပ် ခါ လျက် ဟေ့၊ ဗိ မာန် တော် ကို ဖြို ဖျက်၍ သုံး ရက် နှင့် တည် ဆောက် သော အ ချင်း လူ၊ 30ကိုယ် ကို ကယ်၍ ကား တိုင် မှ ဆင်း လာ လော့ ဟု ကဲ့ ရဲ့ ကြ ၏။ 31ထို နည်း တူ ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ က သူ တ ထူး ကို သူ ကယ် သည်။ ကိုယ် ကို မ ကယ် နိုင် ပါ တ ကား၊ 32ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် မင်း ခ ရစ် တော် သည် ငါ တို့ မြင်၍ ယုံ ကြည် စေ ရန် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ဟု အ ချင်း ချင်း ပြော ဆို လျက် သ ရော် ကြ၏။ ကိုယ် တော် နှင့် အ တူ ကား တင် ခံ ရ သူ တို့ က လည်း ကဲ့ ရဲ့ ကြ ၏။
33မွန်း တည့် အ ချိန် ရောက် သော် တစ် ပြည် လုံး မှောင် ကျ၍ မွန်း လွဲ သုံး နာ ရီ တိုင် ရှိ နေ ၏။ 34မွန်း လွဲ သုံး နာ ရီ အ ချိန် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း ဟု ဆို လို သော ဧ လော အိ၊ ဧ လော အိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ၊ 35ရပ် နေ သူ အ ချို့ တို့ ကြား သော်၊ နား ထောင် ကြ၊ ဧ လိ ယ ကို ခေါ် သည် ဟု ဆို ကြ သည် နှင့်၊ 36လူ တစ် ယောက် သည် ပြေး၍ ရေ မှို တစ် ပွင့် ကို ပုန်း ရည် နှင့် ပြည့် စေ ပြီး လျှင် ကျူ လုံး တွင် တပ် လျက် တိုက် စဉ် ရှိ ပါ လေ စေ။ သူ့ ကို ချ ယူ အံ့ သော ငှာ ဧ လိ ယ လာ မည်၊ မ လာ မည် ကို ကြည့် ကြ ကုန် အံ့ ဟု ဆို ၏။ 37ထို နောက် ယေ ရှု သည် ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး လျှင် အ သက် စွန့် တော် မူ ၏။ 38ဗိ မာန် တော် ရှိ ကန့် လန့် ကာ သည် အ ထက် က အောက် တိုင် နှစ် ဖြာ စုတ် ကွဲ ၍၊ 39ကိုယ် တော့် ရှေ့ ရပ် နေ သူ တပ် မှုး သည် ထို သို့ အ သက် စွန့် တော် မူ သည် ကို မြင် သော် ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို လေ ၏။ 40-41ဂါ လိ လဲ နယ် တွင် ရှိ နေ တော် မူ စဉ် နောက် တော် က လိုက် လျက် လုပ် ကျွေး သ မှု ပြု သူ မာ ဂ ဒ လ မာ ရိ၊ ယာ ကုပ် ငယ် နှင့် ယော သေ တို့ အ မိ မာ ရိ၊ ရှာ လုံ တို့ ပြင် ယေ ရု ရှ လင် မြို သို့ လိုက် လာ ကြ သော ဒါ ယ ကာ မ အ များ လည်း အ ဝေး က ကြည့် ရှု လျက် နေ ကြ ၏။
42ည နေ ချမ်း အ ချိန် ရောက် သော် ဥ ပုသ် အ ဖိတ် နေ့ ဖြစ် ၍၊ 43ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊ 44ပိ လတ် မင်း သည် သေ ပြီး သည် ကို အံ့ သြ၍ တပ် မှူး ကို ခေါ် လျက် သေ သည် မှာ ကြာ ပြီ လော ဟု မေး လျှင်၊ 45တပ် မှူး စ ကား ဖြင့် ကြား သိ သည့် ကာ လ အ လောင်း တော် ကို ယော သပ် အား ပေး လိုက်၏။ 46ထို အ ခါ ယော သပ် သည် ပိတ် ထည် ဝယ် ပြီး လျှင် အ လောင်း တော် ကို ချ ယူ၍ ပတ် လျက် ကျောက် တောင်၌ ထွင်း ထား သော သင်္ချိုင်း ဂူ တွင် သွင်း၍ အ ဝ ကို ကျောက် လုံး နှင့် လှိမ့် ပိတ် လေ ၏။ 47သွင်း ရာ အ ရပ် ကို မာ ဂ ဒ လ မာ ရိ နှင့် ယော သေ အ မိ မာ ရိ တို့ လည်း ကြည့် မှတ် ကြ ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~မာ~ကု 15: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.

: