YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မာ~ကု 6

6
1ထို အ ရပ် မှ ထွက် ကြွ တော် မူ သော် နောက် တော် က လိုက် သော တ ပည့် တော် တို့ ပါ နေ ရင်း မြို့ သို့ ရောက် တော် မူ ပြီး လျှင်၊ 2ဥ ပုသ် နေ့ ကျ ရောက် သည့် ကာ လ ဓ မ္မာ ရုံ တွင် ဒေ သ နာ ပေး တော် မူ ရာ ကြား နာ သူ အ များ အံ့ သြ ကြ လျက် ဤ သူ သည် ထို အ ရာ များ ကို မည် သို့ ရ သ နည်း။ သူ ရ သော ဉာဏ် ပ ညာ နှင့် လက် ဖြင့် ပြု သော အ မှု ကြီး များ မှာ မည် သို့ နည်း။ 3သူ သည် လက် သ မား မ ဟုတ် လော။ မာ ရိ သား မ ဟုတ် လော။ ယာ ကုပ်၊ ယော သေ၊ ယု ဒ၊ ရှိ မုန် တို့၏ အစ် ကို မ ဟုတ် လော။ နှ မ များ လည်း ငါ တို့ နှင့် အ တူ ဤ အ ရပ် တွင် ရှိ ကြ သည် မ ဟုတ် လော ဟု ဆို လျက် ကိုယ် တော့် အ တွက် တိုက် လဲ ကြ ရာ၊ 4ယေ ရှု က ပ ရော ဖက် မည် သည် မှာ ကိုယ့် မြို့၊ ကိုယ့် ဆွေ မျိုး သား ချင်း၊ ကိုယ့် အိမ် မှ တစ် ပါး အ ခြား သော အ ရပ် တွင် ဂုဏ် အ သ ရေ မ ရ ဘဲ မ ရှိ ဟု မိန့် တော် မူ၏။ 5ထို မြို့ တွင် သူ နာ အ နည်း ငယ် တို့ အ ပေါ်၌ လက် တင်၍ ကျန်း မာ စေ တော် မူ သည် မှ တစ် ပါး အ မှု ကြီး မည် သည် ကို မျှ ပြု တော် မ မူ နိုင်။ 6သူ တို့ မ ယုံ ကြည် ခြင်း ကို အံ့ သြ တော် မူ၏။
ကိုယ် တော် သည် ဒေ သ နာ ပေး လျက် မြို့ ရွာ များ ကို ဒေ သ စာ ရီ လှည့် လည် တော် မူ ပြီး နောက်၊ 7တစ် ဆယ့် နှစ် ပါး တို့ ကို အ ထံ တော် သို့ ခေါ်၍ နှစ် ပါး စီ တွဲ ဘက် စေ လွှတ် လျက် နတ် ဆိုး တို့ ကို နိုင် ခွင့် အာ ဏာ ပေး အပ် တော် မူ ၏။ 8-9လမ်း ခ ရီး အ ဖို့ စီး သော ဖိ နပ်၊ တောင် ဝေး တစ် ချောင်း များ ပြင် မည် သည့် အ ရာ ကို မျှ မ ဆောင် ရ။ လွယ် အိတ်၊ ရိ က္ခာ၊ ခါး ပန်း တွင် ကြေး ငွေ မ ပါ ရ။ အင်္ကျီ နှစ် ထည် လည်း မ ဝတ် ရ ဟူ၍ မှာ တော် မူ လိုက် ၏။ 10၎င်း ပြင် ကိုယ် တော် က မည် သည့် မြို့ ရွာ တွင် မ ဆို အိမ် သို့ ဝင် သော် ထို မြို့ ရွာ မှ မ ထွက် မ သွား မီ၊ ၎င်း အိမ်၌ တည်း ခို ကြ လော့။ 11မည် သည့် အ ရပ် မ ဆို သင် တို့ ကို လက် မ ခံ၊ စ ကား ကို လည်း မ နာ လျှင် ထို အ ရပ် မှ ထွက် သွား သည့် ကာ လ သူ တို့ တစ် ဘက် သက် သေ အ ဖြစ် မြေ မှုန့် ကို ပင် ခါ ခဲ့ ကြ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ 12ထို သူ တို့ ထွက် သွား ပြီး လျှင် နောင် တ ရ ကြ စေ ရန် ဟော ပြော လျက်၊ 13နတ် အ များ ကို နှင် ထုတ် လျက် သူ နာ အ များ ကို ဆီ လူး၍ ကျန်း မာ စေ ကြ ၏။
14-15နာ မ တော် ကျော် စော သည့် အ တိုင်း အ ချို့ တို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် လေ ပြီ။ ထို့ ကြောင့် သူ၌ အ မှု ကြီး များ ထင် ရှား သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ဧ လိ ယ ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ရှေး ပ ရော ဖက် တစ် ပါး ပါး ကဲ့ သို့ ပ ရော ဖက် ဖြစ် သည် ဟူ၍ လည်း ကောင်း၊ 16ဆို ကြ သည့် စ ကား ကို ဟေ ရုဒ် မင်း ကြား သော်၊ ငါ ခေါင်း ဖြတ် လိုက် သော ယော ဟန် ရှင် ပြန် ထ မြောက် လေ ပြီ ဟု ဆို၏။ 17-18ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ ကို သိမ်း ယူ ပြီး ဖြစ် သော ကြောင့် မ ရီး တော် ကို မ သိမ်း မ ယူ အပ် ဟု ယော ဟန် ကန့် ကွက် သည် ကို ထောက် ၍ ထို မိန်း မ အ တွက် လူ စေ လွှတ် လျက် ယော ဟန် ကို ဖမ်း ဆီး ပြီး လျှင် ထောင် ချ လေ၏။ 19-20ဟေ ရော ဒိ လည်း ယော ဟန် ကို ရန် ညိုး ဖွဲ့၍ သတ် လို သော် လည်း ဖြောင့် မတ် သန့် ရှင်း သူ ဖြစ် ကြောင်း ဟေ ရုဒ် မင်း သိ၍ ခန့် ညား သ ဖြင့် ယော ဟန် ကို လုံ ခြုံ စွာ ထား သည့် အ တွက် မ သတ် နိုင် ချေ။ ယော ဟန် ဟော ပြော ချက် ကို ဟေ ရုဒ် မင်း ကြား သော် အ လွန် စိတ် ရှုပ် ထွေး ခြင်း ရှိ သော် လည်း ရွှင် လန်း စွာ ကြား နာ လေ့ ရှိ ၏။ 21သို့ ရာ တွင် ဟေ ရုဒ် မင်း ဖွား နေ့ ကျ ရောက်၍ အ ရာ ရှိ များ၊ ဗိုလ် မှူး များ ဂါ လိ လဲ လူ ကြီး များ တို့ အ ဖို့ စား သောက် ပွဲ ကျင်း ပ ရာ အ ဆင် သင့် သော နေ့ တွင်၊ 22ဟေ ရော ဒိ သ မီး တော် ဝင်၍ က သ ဖြင့် ဟေ ရုဒ် မင်း မှ စ သော စား ပွဲ တော် ထိုင် ဘက် တို့ ပါ နှစ် သက် ကြ၍ သူ ငယ် မ အား ဘု ရင် မင်း က အ လို ရှိ ရာ ကို တောင်း လော့။ ငါ ပေး မည် ဟု မိန့် ဆို ပြီး နောက်၊ 23ငါ့ နိုင် ငံ တစ် ဝက် တိုင် အောင် တောင်း လေ သ မျှ ကို ပေး မည် ဟု သ စ္စာ ထား လေ ၏။ 24ထို အ ခါ သူ ငယ် မ ထွက် သွား၍ မည် သည့် အ ရာ တောင်း ရ မည် ကို မယ် တော့် ထံ မေး ရာ ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ၏ ဦး ခေါင်း ဟု ပြန် ဆို လျှင် ဆို ချင်း၊ 25သူ ငယ် မ သည် ဘု ရင် မင်း ထံ အ မြန် ဝင်၍ ဗ တ္တိ ဇံ ဆ ရာ ယော ဟန်၏ ဦး ခေါင်း ကို လင် ပန်း တွင် ထည့် လျက် ယ ခု ပေး တော် မူ စေ လို ပါ သည် ဟု လျှောက် ၏။ 26ဘု ရင် မင်း သည် အ လွန် ဝမ်း နည်း သော် လည်း သ စ္စာ ထား မိ သည် ကို လည်း ကောင်း၊ စား ပွဲ တော် ထိုင် ဘက် တို့ ကို လည်း ကောင်း ထောက် သ ဖြင့် သူ ငယ် မ အား မ ငြင်း မ ပယ် လို သော ကြောင့်၊ 27အ မှု ထမ်း တစ် ယောက် ကို ချက် ခြင်း စေ လွှတ်၍ ယော ဟန့် ဦး ခေါင်း ကို ယူ ခဲ့ စေ ရန် အ မိန့် ထုတ် ဆင့် သည့် အ တိုင်း ထို သူ သွား လျက် ထောင် အ တွင်း ဖြတ် ပြီး လျှင်၊ 28လင် ပန်း တွင် ထည့် ယူ၍ ပေး သ ဖြင့် သူ ငယ် မ သည် မယ် တော် အား ပေး လေ ၏။ 29ယော ဟန်၏ တ ပည့် တို့ ကြား သော် အ လောင်း ကို လာ ရောက် ယူ သွား ပြီး လျှင် သင်္ချိုင်း ဂူ တွင် သွင်း ကြ၏။
30တ မန် တော် တို့ သည် ယေ ရှု ထံ စု ရုံး လာ ရောက်၍ ပြု ခဲ့ သ မျှ၊ သွန် သင် ခဲ့ သ မျှ အ ကြောင်း အ ရာ များ ကို လျှောက် ထား ကြ ရာ၊ 31ဝင် ထွက် သူ များ လှ သ ဖြင့် စား သောက် ခွင့် မျှ မ ရ ကြ သည့် အ တွက် ကိုယ် တော် က တော အ ရပ် သို့ အ သီး အ ခြား လာ၍ ခ ဏ နား နေ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း၊ 32လှေ စီး လျက် တော အ ရပ် သို့ အ သီး အ ခြား ထွက် သွား ကြ၏။ 33ထွက် သွား သည် ကို လူ အ များ တို့ မြင်၍ ကိုယ် တော် မှန်း သိ ကြ သော် မြို့ ရွာ အ ရပ် ရပ် မှ ကြည်း ကြောင်း အ မြန် လိုက် သ ဖြင့် ရောက် နှင့် ကြ၏။ 34လှေ မှ ဆင်း လျှင် ကြီး စွာ သော ထို ပ ရိတ် သတ် ကို မြင် သော်၊ အ ထိန်း မဲ့ သိုး အုပ် ကဲ့ သို့ ရှိ နေ ကြ သော ကြောင့် က ရု ဏာ သက်၍ အ ကျယ် အား ဖြင့် သွန် သင် တော် မူ၏။ 35အ ချိန် ကုန် လွန် သော် တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ ဤ အ ရပ် မှာ တော ဖြစ် ပါ သည်။ အ ချိန် လည်း ကုန် လွန် ပါ ပြီ။ 36ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား၍ အ စား အ စာ ဝယ် ကြ စေ ရန် ဤ သူ တို့ ကို လွှတ် တော် မူ ပါ ဟု လျှောက် ကြ လျှင်၊ 37ကိုယ် တော် က စား ရန် သင် တို့ ပေး ကြ ဟု ပြန်၍ မိန့် တော် မူ သော် တ ပည့် တော် တို့ က ငွေ နှစ် ရာ ဖိုး သွား ရောက် ဝယ် ယူ၍ စား ရန် ပေး ရ မည် လော ဟု ပြန် လျှောက် ကြ ရာ၊ 38သင် တို့ တွင် မုန့် ဘယ် နှစ် လုံး ပါ ရှိ သ နည်း။ သွား ၍ ကြည့် ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သိ ကြ သော် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ပါ ရှိ ပါ သည် ဟု ပြန် လျှောက် ကြ၏။ 39ထို အ ခါ ထို သူ အား လုံး ကို မြက် စိမ်း ပေါ် တွင် အ စု စု ထိုင် ကြ စေ ရန် အ မိန့် တော် ရှိ၍၊ 40တစ် ရာ စု၊ ငါး ဆယ် စု၊ ထိုင် နေ ကြ ပြီး နောက်၊ 41ကိုယ် တော် သည် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ကို ယူ၍ ကောင်း ကင် သို့ မြော် ကြည့် လျက် ကောင်း ကြီး ပေး ၍ မုန့် များ ကို ဖဲ့ ပြီး လျှင် ထို သူ တို့ ရှေ့ တွင် တည် စေ ရန် တ ပည့် တော် တို့ အား ပေး တော် မူ၏။ ငါး နှစ် ကောင် ကို လည်း ရှိ သ မျှ တို့ အား ဝေ ပေး တော် မူ ၏။ 42-43ထို သူ ရှိ သ မျှ စား ၍ ဝ ကြ သည့် နောက် မုန့် အ ကျိုး အ ပဲ့၊ ငါး အ ကျိုး အ ပဲ့ များ ကို ဆွဲ တောင်း တစ် ဆယ့် နှစ် တောင်း အ ပြည့် ကောက် ရ ကြ ၏။ 44ထို မုန့် ကို စား သူ တို့ မှာ ယောက်ျား ငါး ထောင် ရှိ သ တည်း။
45ထို နောက် လူ ပ ရိတ် သတ် ကို သွား စေ တော် မူ သည့် အ တွင်း လှေ စီး၍ တစ် ဖက် ကမ်း ရှိ ဗက် ဇဲ ဒ မြို့ သို့ ကူး နှင့် ရန် တ ပည့် တော် တို့ အား ချက် ခြင်း အ မိန့် တော် ရှိ၍ 46နှုတ် ဆက် လိုက် ပြီး နောက် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ သ ဖြင့် 47ည နေ ချမ်း အ ချိန် ရောက် သော် အိုင် လယ် တွင် လှေ ရှိ စဉ် ကုန်း ပေါ် တွင် တစ် ပါး တည်း ရှိ ရစ် တော် မူ၏။ 48လေ မ သင့်၍ ပင် ပန်း စွာ ခတ် လျက် ရှိ နေ ကြ သည် ကို မြင် တော် မူ သော် သန်း ခေါင် ကျော် သုံး နာ ရီ ခန့် အ ချိန်၌ အိုင် ရေ ပေါ် တွင် စက် တော် ဖြန့် လျက် တ ပည့် တော် တို့ ထံ ကြွ ရာ လွန် သွား မည် ပြု တော် မူ၏။ 49ထို သို့ စက် တော် ဖြန့် သည် ကို တ ပည့် တော် အား လုံး တို့ မြင် သော အ ခါ တ စ္ဆေ ထင် မှတ်၍ ထိတ် လန့် ကြ သော ကြောင့် ဟစ် လျှင် ဟစ် ချင်း 50ကိုယ် တော် က အား ယူ ကြ လော့။ မ ကြောက် ကြ နှင့်။ ငါ ပင် တည်း ဟု မိန့် တော် မူ လျှင် 51-52သူ တို့ ရှိ ရာ လှေ ပေါ် သို့ တက် တော် မူ သော် လေ ငြိမ် လေ၏။ ထို အ ခါ တ ပည့် တော် တို့ သည် မုန့် အံ့ ဖွယ် ရာ ကို နား မ လည်၊ စိတ် ခဲ ယဉ်း သေး သော ကြောင့် အ လွန် အံ့ သြ ကြ သ တည်း။
53ကမ်း တစ် ဘက် ရှိ ဂင်္နေ သ ရက် မြို့ ရောက် ကူး၍ ဆိုက် ကြ သော် 54လှေ မှ သက် လျှင် သက် ချင်း ထို အ ရပ် သား တို့ သည် ကိုယ် တော် ကို မှတ် မိ၍ နယ် တစ် ဝှမ်း လုံး နှံ့ အ မြန် လှည့် လည် ပြီး လျှင် 55ရှိ တော် မူ ကြောင်း ကြား ရာ အ ရပ် သို့ ထမ်း စင် များ တွင် သူ နာ တို့ ကို တင် လျက် ထမ်း လာ ကြ၏။ 56မည် သည့် မြို့ ရွာ သို့ မ ဆို ဝင် ရောက် တော် မူ လျှင် လည်း ဈေး များ တွင် သူ နာ တို့ ကို ချ ထား လျက် အ ဝတ် တော် ပန်း ပွား ကို မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မာ~ကု 6: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ