YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မာ~ကု 8

8
1ထို နေ့ ရက် ကာ လ ကြီး စွာ သော လူ ပ ရိတ် သတ် စု လာ ပြန် ရာ စား ရန် အ စာ မ ရှိ ကြ သော် တ ပည့် တော် တို့ ကို ခေါ် တော် မူ၍၊ 2ဤ လူ ပ ရိတ် သတ် သည် ယ ခု တိုင် ငါ နှင့် သုံး ရက် ရှိ နေ လျက် စား ရန် အ စာ မ ရှိ ကြ သော ကြောင့် ငါ သ နား သည်။ 3အ စာ မ စား ရ ဘဲ အိမ် များ သို့ ငါ လွှတ် လိုက် လျှင် လမ်း တွင် ပန်း ကြ လိမ့် မည်။ အ ချို့ တို့ အ ဝေး က ရောက် လာ သည် ဟု မိန့် တော် မူ သော်၊ 4တ ပည့် တော် တို့ က ထို သူ တို့ ဝ လောက် အောင် ဤ တော အ ရပ် တွင် အ စာ ကို မည် သို့ ရ နိုင် ပါ အံ့ နည်း ဟု ပြန် လျှောက် ကြ လျှင်၊ 5မုန့် ဘယ် နှစ် လုံး ပါ ရှိ သ နည်း ဟု မေး တော် မူ ရာ ခု နစ် လုံး ပါ ရှိ ပါ သည် ဟု ပြန် လျှောက် ကြ ၏။ 6ထို အ ခါ ကိုယ် တော် သည် လူ ပ ရိတ် သတ် ကို မြေ ပေါ် တွင် ထိုင် ကြ စေ ရန် မှာ တော် မူ ပြီး နောက် မုန့် ခု နစ် လုံး ကို ယူ လျက် ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ ဖဲ့၍ ပ ရိ သတ် ရှေ့ တည် စေ ရန် တ ပည့် တော် တို့ အား ပေး တော် မူ သည့် အ တိုင်း တ ပည့် တော် တို့ တည် ကြ ၏။ 7ပါ ရှိ သော ငါး က လေး အ နည်း ငယ် ကို လည်း၊ ကောင်း ကြီး ပေး ပြီး လျှင် တည် စေ ရန် အ မိန့် ရှိ တော် မူ သည် နှင့်၊ 8ထို သူ တို့ စား ၍ ဝ ကြ သည့် နောက် စား ကြွင်း အ ကျိုး အ ပဲ့ ကို ခု နစ် တောင်း ကောက် ရ ကြ ၏။ 9စား သူ တို့ မှာ လေး ထောင် ခန့် ရှိ သ တည်း။ ကိုယ် တော် သည် ထို သူ တို့ ကို သွား စေ တော် မူ ပြီး နောက် 10တ ပည့် တော် တို့ နှင့် အ တူ ချက် ခြင်း လှေ စီး၍ ဒါ လ မ နု သ နယ် သို့ ကြွ ရောက် တော် မူ ၏။
11ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ထွက် လာ၍ စုံ စမ်း ခြင်း ငှါ မေး မြန်း ပြော ဆို လျက် မိုး ကောင်း ကင် မှ နိ မိတ် လ က္ခ ဏာ ကို ကိုယ် တော့် ထံ တောင်း ကြ သော်၊ 12စိတ် တော် မ သာ လျက် ကိုယ် တော် က ယ ခု လူ မျိုး သည် အ ဘယ် ကြောင့် နိ မိတ် လ က္ခ ဏာ ကို တောင်း ကြ သ နည်း။ မည် သည့် နိမိတ် လ က္ခ ဏာ ကို မျှ ပြ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ပြီး လျှင် 13ထို သူ တို့ ထံ မှ ထွက်၍ လှေ ကို ပြန် စီး လျက် တစ် ဖက် ကမ်း သို့ ကြွ ရောက် တော် မူ ၏။
14တ ပည့် တော် တို့ သည် မုန့် ကို မေ့ လျော့ ၍ မ ယူ မိ သ ဖြင့် လှေ တွင် မုန့် တစ် လုံး ပြင် မ ပါ ကြ။ 15ဖာ ရိ ရှဲ တို့ တ ဆေး၊ ဟေ ရုဒ် မင်း တ ဆေး ကို သ တိ နှင့် ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ သည့် အ တွက်၊ 16မုန့် မ ပါ ခဲ့ သည့် အ ကြောင်း တ ပည့် တော် တို့ အ ချင်း ချင်း ဆွေး နွေး ကြ သည် ကို သိ တော် မူ သည့် ကာ လ၊ 17ကိုယ် တော် က မုန့် မ ပါ ခဲ့ သည့် အ ကြောင်း ကို အ ဘယ် ကြောင့် ဆွေး နွေး ကြ သ နည်း။ ယ ခု တိုင် မ သိ မ မြင် နား မ လည် ကြ သ လော။ စိတ် ခဲ ယဉ်း ကြ သ လော။ 18မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား ဘဲ နေ ကြ သ လော။ 19မုန့် ငါး လုံး ကို ငါ ဖဲ့၍ လူ ငါး ထောင် အား ကျွေး သည့် ကာ လ စား ကြွင်း အ ကျိုး အ ပဲ့ ဆွဲ တောင်း ရေ မည် မျှ ကောက် ခဲ့ ကြ သည် ကို သ တိ မ ရ ကြ လော ဟု မေး တော် မူ သော် ဆယ့် နှစ် တောင်း ဟု ပြန် လျှောက် ကြ ၏။ 20လူ လေး ထောင် ကို မုန့် ခု နစ် လုံး နှင့် ကျွေး သည့် ကာ လ စား ကြွင်း အ ကျိုး အ ပဲ့ တောင်း ရေ မည် မျှ ကောက် ခဲ့ ကြ သ နည်း ဟု မေး တော် မူ ပြန် သော် ခု နစ် တောင်း ဟု ပြန် လျှောက် ကြ သော အ ခါ၊ 21ယ ခု တိုင် နား မ လည် ကြ လော ဟု မိန့် တော် မူ ၏။
22ဗက် ဇဲ ဒ မြို့ သို့ ရောက် သော် မျက် မ မြင် တစ် ယောက် ကို ကိုယ် တော့် ထံ ခေါ် ခဲ့ ကြ ပြီး လျှင် တို့ တော် မူ ရန် တောင်း လျှောက် ကြ ရာ၊ 23ကိုယ် တော် သည် မျက် မ မြင်၏ လက် ကို ကိုင် လျက် မြို့ ပြင် သို့ ခေါ် သွား၍ မျက် စိ များ ပေါ် တွင် တံ တွေး တော် ထွေး ခြင်း၊ သူ့ အ ပေါ် တွင် လက် တော် တင် ခြင်း၊ ပြု ပြီး နောက် မြင် ရ သ လော ဟု မေး တော် မူ သော်၊ 24သူ သည် မျှော် ကြည့် လျက် လျှောက် နေ ကြ သော လူ တို့ ကို သစ် ပင် များ ကဲ့ သို့ ကြည့်၍ မြင် ရ ပါ သည် ဟု လျှောက် ၏။ 25တစ် ဖန် မျက် စိ များ ပေါ် တွင် လက် တင် တော် မူ သော် မျက် မ မြင် သူ စေ့ စေ့ ကြည့် လျက် စ က္ခု အာ ရုံ ပြန် ရ သ ဖြင့် အ ရာ ခပ် သိမ်း ကို ကြည် လင် စွာ မြင် ၏။ 26ထို ကာ လ ကိုယ် တော် က မြို့ ထဲ သို့ ဝင် ရုံ မျှ မ ဝင် နှင့် ဟု မိန့် ဆို လျက် အိမ် ကို လွှတ် လိုက် တော် မူ ၏။
27ယေ ရှု သည် တ ပည့် တော် တို့ နှင့် တ ကွ ထို အ ရပ် မှ ထွက်၍ ကဲ သ ရိ ဖိ လိ ပ္ပိ နယ် ရှိ မြို့ ရွာ များ သို့ ကြွ တော် မူ ရာ ခ ရီး အ ကြား ငါ သည် မည် သူ ဖြစ် သည် ဟု လူ တို့ ဆို ကြ သ နည်း ဟူ၍ တ ပည့် တော် တို့ အား မေး မြန်း တော် မူ သည့် ကာ လ၊ 28အ ချို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန်၊ အ ချို့ က ဧ လိ ယ၊ အ ချို့ က ရှေး ပ ရော ဖက် တစ် ပါး ပါး ဖြစ် ကြောင်း ဆို ကြ ပါ သည် ဟု တပည့် တော် တို့ ပြန် လျှောက် ကြ ရာ၊ 29သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း ဟူ၍ မေး တော် မူ ပြန် သည့် ကာ လ ပေ တ ရု က ကိုယ် တော် သည် ခ ရစ် တော် တည်း ဟု ပြန် လျှောက် ၏။ 30အ ကြောင်း တော် ကို မည် သူ့ အား မျှ မ ကြား မ ပြော ကြ စေ ရန် မြစ် တား တော် မူ ပြီး မှ၊ 31လူ့ သား သည် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း လူ ကြီး များ၊ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ တို့ ငြင်း ပယ် ခြင်း ကို ခံ ရ မည့် အ ကြောင်း၊ အ သေ ခံ ပြီး နောက် သုံး ရက် လည် လျှင် ရှင် ပြန် ထ မြောက် ရ မည့် အ ကြောင်း များ ကို တ ပည့် တော် တို့ အား အ တည့် အ လင်း ပြ သ မိန့် ဆို တော် မူ သ ဖြင့် 32ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် ဆုံး မ မည် ပြု သော်၊ 33ကိုယ် တော် သည် လှည့်၍ တ ပည့် တော် တို့ ကို မြင် တော် မူ လျက် အ ချင်း စာ တန်၊ ဆုတ် သွား လော့။ ဘု ရား သ ခင့် ဆိုင် ရာ များ ကို သင် ဂ ရု မ ပြု။ လူ့ ဆိုင် ရာ များ ကို သာ ဂ ရု ပြု သည် ဟု ပေ တ ရု အား ဆုံး မ တော် မူ ၏။ 34ထို နောက် တ ပည့် တော် တို့ နှင့် တ ကွ လူ ပ ရိ သတ် ကို ခေါ် တော် မူ လျက် မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။ 35ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် နှင့် သ တင်း တော် မြတ် အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် ကို ကယ် လိမ့် မည်။ 36လူ သည် တစ် လော က လုံး ကို အ ပိုင် ရ၍ အ သက် ရှုံး လျှင် မည် သည့် အ ကျိုး နည်း။ 37ကိုယ့် အ သက် ကို မည် သည့် အ ရာ နှင့် လဲ လှယ် အံ့ နည်း။ 38မျောက် မ ထား၍ ပြစ် မှား တတ် သော ယ ခု လူ မျိုး တွင် မည် သူ မ ဆို ငါ နှင့် ငါ မိန့် ဆို ချက် ကြောင့် ရှက် လျှင် လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် သန့် ရှင်း သော စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ သည့် ကာ လ ထို သူ ကြောင့် ရှက် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မာ~ကု 8: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ