၁ ရာဇဝင်ချုပ် 4
4
ယုဒ၏သားမြေးများ
1ယုဒသားကား ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။ 2ရှောဗာလသားကား ရာယ၊ ရာယသား ယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိအမျိုးအနွယ်တည်း။ 3ဧကံအမျိုးအဘ၏သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊ 4ဂေဒေါ်အဘ ပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုးအနွယ်တည်း။ 5တေကောအဘ အာရှုရသည် ဟေလနှင့် နာရအမည်ရှိသော မယားနှစ်ယောက်ရှိ၏။ 6နာရဖွားမြင်သောသားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။ 7ဟေလဖွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။ 8ကောဇသားကား အာနုပ်နှင့်ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလအဆွေအမျိုးတည်း။ 9ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ 10ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
အခြားအိမ်ထောင်စုစာရင်းများ
11ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရသား ဧရှတုန်တည်း။ 12ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။ 13ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။ 14မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။ 15ယေဖုန္နသားဖြစ်သော ကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကား ကေနတ်တည်း။ 16ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။ 17ဧဇရသားကား ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့်စုံဖက်သော ဖာရောသမီး ဗိသယာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဖွားမြင်၏။ 18မယားယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဖွားမြင်၏။ 19ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသား ကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။ 20ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇောဟက်၊ ဗင်္ဇာဟက်တည်း။
ရှေလ၏သားမြေးများ
21ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကိုရက်တတ်သော အာရှဗာအဆွေအမျိုး၊ 22ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။ 23ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာနေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။
ရှိမောင်၏သားမြေးများ
24ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။ 25ရှောလသား ရှလ္လုံ၊ ရှလ္လုံသား မိဘသံ၊ မိဘသံသား မိရှမ၊ 26မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။ 27ရှိမိသည် သားတစ်ဆယ်ခြောက်ယောက်နှင့် သမီးခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကိုတို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒအမျိုးသားကဲ့သို့ မပွားမများတတ်။ 28ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊#ယောရှု၊ ၁၉:၂-၈။ 29ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊ 30ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊ 31ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့၌ နေကြ၏။ 32ထိုမှတစ်ပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊ 33ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသားနေရာနှင့် ဆွေစဉ်မျိုးဆက် ဖြစ်သတည်း။ 34မေရှောဗပ်၊ ယာမလက်၊ အာမဇိသား ယောရှ၊ 35ယောလ၊ အာသေလသား စရာယ၏သား ယောရှိဘိ၏သား ယေဟု၊ 36ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊ 37ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှဆင်းသက်သော ဇိဇတည်းဟူသော၊ 38နာမအားဖြင့် မှတ်သောသူတို့သည် အဆွေအမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများသတည်း။ 39ထိုသူတို့သည် သိုးကျက်စားရာအရပ်ကိုရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသောအခါ၊ 40မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလတွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌နေကြ၏။ 41အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၌ သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကိုလုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့တိုင်အောင် နေကြ၏။ 42တစ်ဖန် ရှိမောင်အမျိုးသား ယောက်ျားငါးရာတို့သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလနှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊ 43အရင်လွတ်သော အာမလက်အမျိုးသား အကျန်အကြွင်းကိုလုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင်နေကြ၏။
လက်ရှိရွေးချယ်ထားမှု
၁ ရာဇဝင်ချုပ် 4: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: