YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 11:23-26

၁ ကောရိန္သု 11:23-26 JBMLE

အ​ကြောင်း​မူ​ကား၊ သင်​တို့၌ ငါ​အပ်​ပေး​သော အ​ရာ​ကို သ​ခင်​ဘု​ရား​ထံ၌ ငါ​ခံ​ရ​ပြီ။ ခံ​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် ရန်​သူ​လက်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​သော နေ့​ည​မှာ မုန့်​ကို​ယူ၍၊- ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား၊ သင်​တို့​အ​ဖို့​အ​လို​ငှာ ချိုး​ဖဲ့​သော​ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့။ ငါ့​ကို​အောက်​မေ့​ဖို့​ရာ ဤ​သို့ ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​နည်း​တူ၊ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား ငါ၏​အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။ ဤ​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ ငါ့​ကို​အောက်​မေ့​ဖို့​ရာ သောက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​မုန့်​ကို​စား၍ ထို​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ သ​ခင်​ဘု​ရား​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကြွ​လာ​တော် မ​မူ​မီ​တိုင်​အောင် ပြ​ကြ၏။