YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3

3
ဘု​ရား​သ​ခင်ထံအလုပ်လုပ်သူချင်း
1ညီ​အစ်​ကို​တို့၊ အ​ထက်​က ငါ​သည် ဝိ​ညာဉ်​လူ​တို့​အား ဟော​ပြော​သ​ကဲ့​သို့ သင်​တို့​အား ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ဘဲ၊ ဇာ​တိ​ပ​က​တိ လူ​တို့​အား​လည်း​ကောင်း၊ ခ​ရစ်​တော်၌ သူ​ငယ်​က​လေး​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ရ၏။- 2ယ​ခု​တိုင်​အောင် သင်​တို့​သည် ခဲ​ဖွယ်​စား​ဖွယ်​ကို မ​ကြေ​နိုင်​သော​ကြောင့် ငါ​မ​ကျွေး​ရ၊ နို့​ကို​သာ တိုက်​ရ၏။ ယ​ခု​ပင်​လည်း၊ သင်​တို့​သည် မ​ကြေ​နိုင်​ကြ​သေး။-#ဟေ​ဗြဲ၊ ၅:၁၂-၁၃။ 3ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။- 4တစ်​ယောက်​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တစ်​ယောက်​က၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ အ​သီး​အ​သီး​ပြော​ကြ​လျှင်၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။#၁​ကော၊ ၁:၁၂။
5ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။- 6ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- 7စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- 8သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- 9ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။- 10ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငါ​ခံ​ရ​သည်​နှင့်​အ​ညီ၊ လိ​မ္မာ​သော ဗိ​သု​ကာ​ကဲ့​သို့ တိုက်​မြစ်​ကို​ချ​ပြီ။ အ​ခြား​သော​သူ​သည် ထပ်​ဆင့်၍ တည်​ဆောက်​လေ၏။ သို့​ရာ​တွင်၊ အ​ဘယ်​သို့ ထပ်​ဆင့်၍ တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ပါ​စေ။- 11အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော၊ ချ​လျက်​ရှိ​သော တိုက်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​တိုက်​မြစ်​ကို အ​ဘယ်​သူ​မျှ မ​ချ​နိုင်။- 12ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊- 13အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။- 14ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- 15အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။
16သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော် ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​သည်​ကို​လည်း​ကောင်း မ​သိ​ကြ​သ​လော။-#၁​ကော၊ ၆:၁၉။ ၂​ကော၊ ၆:၁၆။ 17အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​ကို ဖျက်​ဆီး၏။ ထို​သူ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​သည် သန့်​ရှင်း​ရ၏။ သင်​တို့​သည်​လည်း၊ ထို​ဗိ​မာန်​တော် ဖြစ်​ကြ၏။- 18အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။- 19အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။-#ယော​ဘ၊ ၅:၁၃။ 20တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။-#ဆာ၊ ၉၄:၁၁။ 21ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- 22ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- 23သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ