၃ ဓမ္မရာဇဝင် 12
12
မြောက်ပိုင်းအနွယ်များပုန်ကန်ခြင်း
(၆ရာ၊ ၁၀:၁-၁၉)
1ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်းသွား၏။ 2ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသတင်းကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ 3ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊ 4ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းပိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းပိုးလေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှုတော်ကိုထမ်းပါမည်ဟု လျှောက်ဆိုကြ၏။ 5ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တစ်ဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။ 6ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသောအသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟုမေးသော်၊ 7သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။ 8အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊ 9ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟုမေးသော်၊ 10ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းပိုးကိုလေးစေပါပြီ။ ပေါ့စေတော်မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ကြီးလိမ့်မည်။ 11ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့်ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။ 12ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တစ်ဖန်လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ရောက်လာကြ၏။ 13ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊ 14ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ 15ရှင်ဘုရင်သည် ပြည်သားတို့၏စကားကို နားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သားအဟိယအားဖြင့် နေဗတ်၏သားယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေတော်မူမည် အကြောင်းတည်း။ 16ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။#၂ရာ၊ ၂၀:၁။ 17သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။ 18ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန်အဒေါနိရံကို စေလွှတ်၍ ဣသရေလ လူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ 19ရောဗောင်မင်းကြီးသည် ရထားတော်ကိုအလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုးကို ပုန်ကန်ကြ၏။ 20ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကိုစေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကိုအုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတစ်ပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။
ပရောဖက်ရှေမာယပြန်ကြားသည့်ဗျာဒိတ်တော်
(၅ရာ၊ ၁၁:၁-၄)
21ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကိုစစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှာ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သောစစ်သူရဲ တစ်သိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။ 22သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူ ရှေမာယသို့ရောက်၍၊ 23သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင်ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသောသူများတို့အား ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ 24သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။
ဘုရားသခင်ကိုယေရောဗောင်ကျောခိုင်းခြင်း
25ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကိုတည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။ 26ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။ 27ပြည်သားတို့သည် ထာဝရဘုရား၏ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှာ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ တစ်ဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့သောကြောင့်၊ 28သူတစ်ပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကိုလုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောဘုရားတို့ကို ကြည့်ရှုကြလော့ဟု ဆိုလျက်၊#ထွ၊ ၃၂:၄။ 29ဗေသလမြို့၌တစ်ကောင်၊ ဒန်မြို့၌ တစ်ကောင်ကို ထားသဖြင့်၊ 30ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှာ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။ 31ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
ဗေသလမြို့တွင်ပွဲလုပ်ခြင်း
32ယုဒပြည်၌ခံသောပွဲကဲ့သို့ အဋ္ဌမလ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။#ဝတ်၊ ၂၃: ၃၃-၃၄။ 33ထိုသို့ ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ်သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏။ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
လက်ရှိရွေးချယ်ထားမှု
၃ ဓမ္မရာဇဝင် 12: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: