၁ ဓမ္မရာဇဝင် 10
10
1ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။ တစ်ဖန်သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးတော်မူ၏။ 2ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဖို့ အဘယ်သို့ ပြုရပါမည်နည်းဟုဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။ 3ထိုအရပ်မှလွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူတစ်ယောက်၊ မုန့်သုံးလုံးကို ဆောင်သောသူ တစ်ယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တစ်ယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့်ထံတော်သို့ သွားသောသူ သုံးယောက်တို့နှင့် သင်သည်တွေ့ကြုံလိမ့်မည်။ 4ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေး၍၊ သင်သည် သူတို့လက်မှခံယူရလိမ့်မည်။ 5ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏တောင်သို့ရောက်၍ မြို့သို့ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။ 6ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့်အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။ 7ဤနိမိတ်လက္ခဏာတို့သည် သင်၌ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏။ 8သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ခြင်းငှာ သင်ရှိရာသို့လာမည်။ ငါလာ၍ သင်ပြုရသော အမှုကိုမပြမီတိုင်အောင် သင်သည်ငံ့နေရမည်ဟု ဆို၏။ 9ရှောလုသည် ရှမွေလထံမှထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင်ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာအလုံးစုံတို့သည် ထိုနေ့ချင်းတွင်ဖြစ်လေ၏။ 10တောင်တော်သို့ ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက်ပြုလေ၏။ 11ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြ၏။ 12ထိုအရပ်သား တစ်ယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟူသောစကားသည် ပုံစကားဖြစ်လေ၏။#၁ရာ၊ ၁၉:၂၃-၂၄။ 13ရှောလုသည်ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။ 14ရှောလု၏ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့်ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကိုရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။ 15ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊ 16မြည်းတို့ကိုတွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအားပြန်ပြော၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအားမကြားမပြောဘဲနေ၏။
ရှောလုကိုဘုရင်အဖြစ်တင်မြှောက်ခြင်း
17တစ်ဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊ 18ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်းတို့လက်မှ ကယ်နုတ်သော်လည်း၊ 19သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊ 20အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။ 21ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကိုလည်းကောင်း၊ ကိရှ၏သား ရှောလုကိုလည်းကောင်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍မတွေ့ကြ။ 22ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။ 23သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြားသောသူထက် အရပ်သာ၍မြင့်၏။ 24ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသောသူ တစ်စုံတစ်ယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။ 25ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော၍ စာ၌ရေးမှတ်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားပြီးမှ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ၏။ 26ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်းအသင်းသည် သူနှင့်အတူ လိုက်သွားကြ၏။ 27အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 10: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: