YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 22

22
ယဇ်​ပု​ရော​ဟိတ်​တို့​ကို​သတ်​ဖြတ်​ခြင်း
1ဒါ​ဝိဒ်​သည် ထို​အ​ရပ်​မှ​ပြေး၍ အ​ဒု​လံ​ဥ​မင်​သို့ ဘေး​လွတ်​လျက် ရောက်​လေ၏။ သူ့​အစ်​ကို​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည် ကြား​လျှင် သူ့​ထံ​သို့​သွား​ကြ၏။#ဆာ၊ ၅၇ ခေါင်း​စဉ်။ ဆာ၊ ၁၄၂ ခေါင်း​စဉ်။ 2အ​မှု​ရောက်​သော​သူ၊ ကြွေး​တင်​သော​သူ၊ စိတ်​ညစ်​သော​သူ အ​ပေါင်း​တို့​သည်၊ သူ့​ထံ​မှာ​စု​ဝေး​ကြ၍ လူ​လေး​ရာ​ခန့်​ရှိ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို​အုပ်​ရ၏။ 3ထို​အ​ရပ်​မှ မော​ဘ​ပြည် မိ​ဇ​ပါ​မြို့​သို့​သွား၍၊ မော​ဘ​ရှင်​ဘု​ရင်​အား၊ ဘု​ရား​သ​ခင်​သည် ကျွန်​တော်၌ အ​ဘယ်​သို့​ပြု​တော်​မူ​မည်​ကို ကျွန်​တော်​မ​သိ​ဘဲ​နေ​စဉ်​တွင်၊ ကျွန်​တော်​မိ​ဘ​သည် ထွက်​လာ၍ ကိုယ်​တော်​ထံ၌ နေ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​သ​ဖြင့်၊ 4မော​ဘ​ရှင်​ဘု​ရင်​ထံ​သို့ သွင်း၍၊ ဒါ​ဝိဒ်​သည် ခိုင်​ခံ့​သော​ဥ​မင်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ မိ​ဘ​တို့​သည် မော​ဘ​ရှင်​ဘု​ရင်​ထံ​မှာ နေ​ကြ၏။ 5တစ်​ဖန် ပ​ရော​ဖက်​ဂဒ်​က၊ ခိုင်​ခံ့​သော​ဥ​မင်၌ မ​နေ​နှင့်။ ထွက်၍ ယု​ဒ​ပြည်​သို့​သွား​လော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သွား၍ ဟာ​ရက်​တော၌​နေ၏။
6ထို​အ​ခါ ရှော​လု​သည် ဂိ​ဗာ​မြို့၌ ကုန်း​ပေါ်​တွင် သစ်​ပင်​အောက်​မှာ လှံ​ကို​ကိုင်​လျက်၊ ကျွန်​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​နေ​စဉ်​တွင်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည်​ပေါ်​ကြောင်း​ကို ရှော​လု​ကြား၍၊ 7အို ဗင်္ယာ​မိန် အ​မျိုး​သား​တို့၊ ယေ​ရှဲ၏​သား​သည် လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို သင်​တို့​ရှိ​သ​မျှ၌ ဝေ​ပေး​နိုင်​သ​လော။ သင်​တို့​ရှိ​သ​မျှ​ကို လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​နိုင်​သ​လော။ 8ထို​သို့ ပြု​နိုင်​သော​ကြောင့် သင်​တို့​အ​ပေါင်း​သည် ငါ့​တစ်​ဖက်၌ သင်း​ဖွဲ့​ကြ​သ​လော။ ငါ့​သား​သည် ယေ​ရှဲ၏​သား​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြောင်း​ကို တစ်​ယောက်​မျှ​မ​ပြော။ ငါ့​အ​တွက် တစ်​ယောက်​မျှ ဝမ်း​မ​နည်း။ ငါ့​ကျွန်​သည် ယ​နေ့ ပြု​သည်​အ​တိုင်း၊ ငါ့​ကို ချောင်း​မြောင်း​စေ​ခြင်း​ငှာ၊ ငါ့​သား​နှိုး​ဆော်​ကြောင်း​ကို တစ်​ယောက်​မျှ​မ​ပြော​ဘဲ နေ​ကြ​သည်​တ​ကား​ဟု အ​ခြံ​အ​ရံ​တို့​အား ဆို​လေ​သော်၊#ဆာ၊ ၅၂ ခေါင်း​စဉ်။ 9ရှော​လု၏​ကျွန်​အုပ် ဧ​ဒုံ​အ​မျိုး​သား ဒေါ​ဂ​က၊ ယေ​ရှဲ၏​သား​သည် အ​ဟိ​တုပ်၏​သား အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်​ကြောင်း​ကို ကျွန်​တော်​မြင်​ပါ၏။ 10အ​ဟိ​မ​လက်​သည် ယေ​ရှဲ၏​သား​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​မြန်း၍ စား​စ​ရိတ်​ကို​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​ကို​လည်း​ကောင်း​ပေး​ပါ၏​ဟု ကြား​လျှောက်​လျှင်၊ 11ရှင်​ဘု​ရင်​သည် အ​ဟိ​တုပ်၏​သား ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​နှင့် သူ၏​အ​ဆွေ​အ​မျိုး​တည်း​ဟူ​သော နော​ဗ​မြို့၌​နေ​သော ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။ 12ရှော​လု​က​လည်း၊ အ​ဟိ​တုပ်၏​သား​နား​ထောင်​လော့​ဟု ဆို​လျှင်၊ အ​ဟိ​မ​လက်​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​သ​ခင်​ဟု လျှောက်၏။ 13ရှော​လု​က​လည်း၊ သင်​နှင့်​ယေ​ရှဲ၏​သား​သည် အ​ဘယ်​ကြောင့် ငါ့​တစ်​ဖက်၌ သင်း​ဖွဲ့​ကြ​သ​နည်း။ သူ​သည် ယ​နေ့​ပြု​သည်​အ​တိုင်း ငါ့​ကို​ပုန်​ကန်​စေ​ခြင်း​ငှာ သင်​သည် မုန့်​နှင့်​ဓား​ကို​ပေး၍ သူ့​အ​ဖို့ ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​မြန်း​ပြီ​တ​ကား​ဟု ဆို​သော်၊ 14အ​ဟိ​မ​လက်​က၊ ကိုယ်​တော်၏​ကျွန်​တို့​တွင် ဒါ​ဝိဒ်​ကဲ့​သို့ အ​ဘယ်​သူ​သည် သ​စ္စာ​ရှိ​သ​နည်း။ သ​မက်​တော် ဖြစ်​ပါ၏။ စေ​ခိုင်း​တော်​မူ​သော​သူ၊ နန်း​တော်၌ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ပါ၏။ 15ထို​ကာ​လ၌ အ​ကျွန်ုပ်​သည် ဒါ​ဝိဒ်​အ​ဖို့ ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​မြန်း​စ​ပြု​သ​လော။ ထို​အ​မှု ဝေး​ပါ​စေ​သော။ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​ကျွန်​နှင့် ကျွန်​တော်၏​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်၌​မျှ အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​မှု​ကို အ​ကြီး​အ​ငယ်​အား​ဖြင့်​မျှ မ​သိ​ပါ​ဟု ရှင်​ဘု​ရင်​အား လျှောက်​လေ၏။ 16ရှင်​ဘု​ရင်​က၊ အ​ဟိ​မ​လက်၊ သင်​နှင့် သင်၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်​ဟု​ဆို​လျက်၊ 17ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒါ​ဝိဒ်​ဘက်​မှာ​နေ၍၊ သူ​ပြေး​ကြောင်း​ကို သိ​သော်​လည်း ငါ့​အား​မ​ကြား​မ​ပြော​သော​ကြောင့်၊ သူ​တို့​ကို လှည့်၍​သတ်​ကြ​ဟု ခြံ​ရံ​လျက်​ရှိ​သော ခြေ​သည်​တို့​အား အ​မိန့်​တော်​ရှိ​သော်​လည်း၊ ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​လုပ်​ကြံ​ဘဲ​နေ​ကြ၏။ 18တစ်​ဖန် ရှင်​ဘု​ရင်​က၊ သင်​သည်​လှည့်၍ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြံ​တော့​ဟု ဒေါ​ဂ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် လှည့်၍ ပိတ်​သင်​တိုင်း​ကို​ဝတ်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​နေ့၌ သတ်​လေ၏။ 19ယဇ်​ပု​ရော​ဟိတ်​ပိုင်​သော နော​ဗ​မြို့​ကို​လည်း တိုက်၍ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍ နွား၊ မြည်း၊ သိုး​တို့​ကို ဓား​နှင့်​လုပ်​ကြံ​လေ၏။ 20အ​ဟိ​တုပ်၏ သား​ဖြစ်​သော အ​ဟိ​မ​လက်၏​သား​တို့​တွင်၊ အ​ဗျာ​သာ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် လွတ်၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့ ပြေး​လေ၏။ 21ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ရှော​လု​သတ်​ကြောင်း​ကို၊ အ​ဗျာ​သာ​သည် ဒါ​ဝိဒ်​အား​ကြား​ပြော​သော​အ​ခါ၊ 22ဒါ​ဝိဒ်​က၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် ရှော​လု​အား​ပြော​မည်​ဟု သူ့​ကို​တွေ့​သော​နေ့၌ ငါ​ရိပ်​မိ၏။ ငါ​သည် သင်၏ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​ကို သေ​စေ​ခြင်း​ငှာ​ပြု​မိ​ပါ​ပြီ​တ​ကား။ 23ငါ​နှင့် အ​တူ​နေ​ပါ​လော့။ မ​စိုး​ရိမ်​နှင့်။ ငါ့​အ​သက်​ကို ရှာ​သော​သူ​သည် သင့်​အ​သက်​ကို​ရှာ၏။ ငါ​နှင့်​အ​တူနေ​လျှင် ဘေး​လွတ်​ပါ​လိမ့်​မည်​ဟု အ​ဗျာ​သာ​အား ပြော​ဆို၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ