YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 28

28
1ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ 2ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​ပြု​နိုင်​သည်​ကို ကိုယ်​တော်​သည် သိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​သော်၊ အာ​ခိတ်​မင်း​က၊ သို့​ဖြစ်၍​သင့်​ကို ငါ့​အ​သက်​စောင့် ဗိုလ်​ချုပ်​အ​ရာ၌ ငါ​ခန့်​ထား​မည်​ဟု​ပြန်​ပြော၏။
နတ်​ဝင်​မိန်းမ​နှင့်​ရှော​လု
3ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။#ဝတ်၊ ၂၀:၂၇၊ ၁ ရာ၊ ၂၅:၁၊ တရား၊ ၁၈:၁၀-၁၁။ 4ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။ 5ရှော​လု​သည် ဖိ​လိ​တ္တိ​လူ​အ​လုံး​အ​ရင်း​ကို​မြင်​သော​အ​ခါ ကြောက်၍ အ​လွန်​တုန်​လှုပ်​သော စိတ်​နှ​လုံး​ရှိ၏။ 6ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။#တော၊ ၂၇:၂၁။
7ထို​အ​ခါ ရှော​လု​က၊ နတ်​ဝင်​မိန်း​မ​ကို ရှာ​ကြ​လော့။ ငါ​သွား၍​မေး​မြန်း​မည်​ဟု ကျွန်​တို့​အား ဆို​သည်​အ​တိုင်း၊ ကျွန်​တို့​က အင်္ဒေါ​ရ​မြို့​မှာ နတ်​ဝင်​မိန်း​မ​တစ်​ယောက်​ရှိ​ပါ၏​ဟု လျှောက်​သော်၊ 8ရှော​လု​သည် အ​ဝတ်​လဲ၍ ထူး​ခြား​သော အ​ယောင်​ကို​ဆောင်​လျက်၊ ည​အ​ခါ လူ​နှစ်​ယောက်​နှင့်​တ​ကွ ထို​မိန်း​မ​ဆီ​သို့​သွား၍ ရောက်​ပြီး​လျှင်၊ သင်​ပေါင်း​သော​နတ်​ကို​အ​မှီ​ပြု၍ သင့်​အား​ငါ​ပြော​မည့်​သူ​ကို ဖော်​ပါ​လော့​ဟု တောင်း​ပန်​လေ၏။ 9မိန်း​မ​က​လည်း၊ ရှော​လု​ပြု​သော​အ​မှု၊ စုန်း​နှင့်​နတ်​ဝင်​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ဖယ်​ရှင်း​သော အ​မှု​ကို သင်​သည်​သိ​လျက်​နှင့် ငါ့​ကို​သေ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​အ​သက်​ကို ကျော့​စမ်း​သ​နည်း​ဟု ပြန်​ပြော​သော်၊ 10ရှော​လု​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​မှု​ကြောင့် အ​ဘယ်​အ​ပြစ်​မျှ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​လေ၏။ 11မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​ကို ငါ​ဖော်​ရ​မည်​နည်း​ဟု မေး​လျှင်၊ ရှော​လု​က၊ ရှ​မွေ​လ​ကို​ဖော်​ပါ​ဟု ဆို၏။ 12မိန်း​မ​သည် ရှ​မွေ​လ​ကို​မြင်​သော​အ​ခါ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍၊ ကိုယ်​တော်​သည် ကျွန်​မ​ကို အ​ဘယ်​ကြောင့် လှည့်​စား​သ​နည်း။ ကိုယ်​တော်​သည် ရှော​လု​ဖြစ်​ပါ၏​ဟု ရှော​လု​အား​ဆို​လျှင်၊ 13ရှင်​ဘု​ရင်​က မ​စိုး​ရိမ်​နှင့်။ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​သော်၊ မိန်း​မ​က၊ မြေ​ကြီး​ထဲ​က ဘု​ရား​တက်​လာ​သည်​ကို ကျွန်​မ​မြင်​ပါ​သည်​ဟု လျှောက်၏။ 14အ​ဘယ်​သို့​သော အ​ယောင်​ဆောင်​သ​နည်း​ဟု မေး​ပြန်​သော်၊ လူ​အို​တက်​လာ​ပါ၏။ ဝတ်​လုံ​ခြုံ​လျက်​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊ ရှ​မွေ​လ​ဖြစ်​ကြောင်း​ကို ရှော​လု​သည်​ရိပ်​မိ၍ မြေ​ပေါ်​မှာ ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ၏။ 15ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။ 16ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စွန့်၍ သင့်​ရန်​ဘက်​ဖြစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​ကြောင့် မေး​မြန်း​သေး​သ​နည်း။ 17ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။#၁ ရာ၊ ၁၅:၂၈။ 18အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ ပြင်း​စွာ​သော​အ​မျက်​ကို အာ​မ​လက်​အ​မျိုး၌ မ​စီ​ရင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို ယ​နေ့ သင်၌​ရောက်​စေ​တော်​မူ​ပြီ။#၁ ရာ၊ ၁၅:၃-၉။ 19ထို​မှ​တစ်​ပါး သင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်။ နက်​ဖြန်​နေ့ သင်​နှင့် သင်၏​သား​တို့​သည် ငါ​နှင့်​အ​တူ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ အ​လုံး​အ​ရင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။ 20ထို​အ​ခါ ရှော​လု​သည် မြေ​ပေါ်​မှာ အ​လျား​ပျပ်​ဝပ်​လဲ​နေ၍၊ ရှ​မွေ​လ​စ​ကား​ကြောင့် အ​လွန်​ကြောက်​ရွံ့၏။ တစ်​နေ့​နှင့် တစ်​ည​လုံး အ​ဘယ်​အ​စာ​ကို​မျှ မ​စား​ဘဲ​နေ​သော​ကြောင့် အား​ကုန်​ပြီ။ 21ထို​မိန်း​မ​သည်​လာ၍ ရှော​လု အ​လွန်​စိတ်​ညစ်​သည်​ကို မြင်​လျှင်၊ ကိုယ်​တော်​ကျွန်​မ​သည် ကိုယ်​တော်​စ​ကား​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ ကိုယ်​တော်​မိန့်​တော်​မူ​သော စ​ကား​ကို နား​ထောင်​ပါ​ပြီ။ 22သို့​ဖြစ်၍ ယ​ခု​ကိုယ်​တော် ကျွန်​မ၏​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စား​စ​ရာ​အ​နည်း​ငယ်​ကို ရှေ့​တော်၌​တင်​ပါ​ရ​စေ။ ကိုယ်​တော်​ကြွ​သွား​သော​အ​ခါ အား​ပြည့်​စေ​ခြင်း​ငှာ စား​တော်​ခေါ်​ပါ​ဟု လျှောက်​သော်​လည်း၊ 23ရှော​လု​က ငါ​မ​စား​ဟု ငြင်း​ပယ်​လေ၏။ သို့​ရာ​တွင် ကျွန်​တို့​သည် မိန်း​မ​နှင့်​ဝိုင်း၍ အ​နိုင်​ပြု​ကြ​သ​ဖြင့်၊ ရှော​လု​သည် သူ​တို့​စ​ကား​ကို နား​ထောင်၍ မြေ​ပေါ်​က​ထ​ပြီး​လျှင် ခု​တင်​ပေါ်​မှာ ထိုင်​လေ၏။ 24ထို​မိန်း​မ​သည် မိ​မိ​အိမ်၌ ဆူ​အောင်​ကျွေး​သော နွား​က​လေး​တစ်​ကောင် ရှိ​သည်​ဖြစ်၍ အ​လျင်​အ​မြန် သတ်​လေ၏။ မုန့်​ညက်​ကို​လည်း​ယူ၍ နယ်​သ​ဖြင့်၊ တ​ဆေး​မဲ့​မုန့်​ကို ဖုတ်​ပြီး​မှ၊ 25ရှော​လု​နှင့် ကျွန်​များ​တို့​ရှေ့၌ တင်​လေ၏။ သူ​တို့​သည်​စား၍ ထို​ည​တွင် ထ​သွား​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ