၂ ရာဇဝင်ချုပ် 14
14
ယုဒဘုရင်အာသ
(၃ရာ၊ ၁၅:၉-၁၂)
1အဘိယသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက်ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်းသာယာ၏။#၃ရာ၊ ၁၅း၉-၁၂။
2အာသမင်းသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။ 3တစ်ပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကိုလည်းကောင်း၊ မြင့်သောအရပ်တို့ကိုလည်းကောင်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။ 4ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက်မည်အကြောင်း မိန့်တော်မူ၏။ 5ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသောကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာလျက်ရှိ၏။ 6ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည်ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တစ်ပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။ 7ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တစ်ပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သောမြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။ 8အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။
9တစ်ဖန် ကုရှရှင်ဘုရင်ဇေရသည် စစ်သူရဲတစ်သန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက်သောအခါ၊ 10အာသသည် ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖသချိုင့်၌ စစ်ပြိုင်ကြ၏။ 11အာသသည် မိမိဘုရားသခင် ထာဝရဘုရားအားဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှာ သွားပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ လူသည် ကိုယ်တော်ကိုနိုင်သောအခွင့် ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊ 12ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။ 13အာသနှင့် သူ၏လူတို့သည် ဂေရာမြို့တိုင်အောင်လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာအများကို သိမ်းယူကြ၏။ 14ဂေရာမြို့ ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာဥစ္စာအများတို့ကို သိမ်းယူကြ၏။ 15တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက်လျက်၊ သိုးနှင့် ကုလားအုတ်အများတို့ကို သိမ်းယူ၍ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
၂ ရာဇဝင်ချုပ် 14: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: