YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 22

22
ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ
(၄​ရာ၊ ၈:၂၅-၂၉၊ ၉:၂၁-၂၈)
1အာ​ရပ်​လူ​တို့​နှင့်​လိုက်​လာ​သော တပ်​သား​တို့​သည် တပ်​ထဲ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ၏ သား​တော်​အ​ကြီး​ရှိ​သ​မျှ​တို့​ကို သတ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သား​ထွေး​အာ​ခ​ဇိ​ကို ခ​မည်း​တော်​အ​ရာ၌​ချီး​မြှောက်၍၊ 2အာ​ခ​ဇိ​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဩ​မ​ရိ​မြေး​အာ​သ​လိ အ​မည်​ရှိ၏။ 3မယ်​တော်​သည် မ​ကောင်း​သော​အ​ကြံ​ကို ပေး​သော​ကြောင့်၊ ထို​မင်း​သည် အာ​ဟပ်​အ​မျိုး​လိုက်​ရာ လမ်း​သို့​လိုက်၍၊ 4အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​သေ​သော​နောက်၊ အာ​ဟပ်​အ​မျိုး​သား​တို့​သည် အာ​ခ​ဇိ​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ မ​ကောင်း​သော​အ​ကြံ​ကို ပေး​ကြ၏။ 5အာ​ခ​ဇိ​သည် သူ​တို့​စ​ကား​ကို​နား​ထောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင် ဘု​ရင်​အာ​ဟပ်​သား ယော​ရံ​နှင့်​ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့​စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင်၊ ရှု​ရိ​လူ​တို့​သည်​ယော​ရံ​ကို ထိ​ခိုက်​ကြ၏။ 6ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။ 7ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ အာ​ခ​ဇိ​သည် ယော​ရံ​ထံ​သို့​ရောက်​သော​အား​ဖြင့်၊ ဆုံး​ရှုံး​လေ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အာ​ဟပ်​အ​မျိုး​ကို သုတ်​သင်​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​နိမ်​ရှိ​သား​ယေ​ဟု​ကို ဆီး​ကြို​ခြင်း​ငှာ၊ ယော​ရံ​နှင့် အာ​ခ​ဇိ​တို့​သည် ထွက်​သွား၏။ 8ယေ​ဟု​သည် အာ​ဟပ်​အ​မျိုး​ကို တ​ရား​စီ​ရင်​သော​အ​ခါ၊ ယု​ဒ​မှူး​မတ်​တို့​ကို​လည်း​ကောင်း၊ အာ​ခ​ဇိ​မင်း၌ ခ​စား​သော နောင်​တော်၏​သား​တို့​ကို​လည်း​ကောင်း၊ တွေ့၍​သတ်​လေ၏။ 9ရှ​မာ​ရိ​ပြည်၌ ပုန်း​လျက်​နေ​သော အာ​ခ​ဇိ​ကို​ရှာ၍ ဖမ်း​မိ​သော​အ​ခါ၊ ယေ​ဟု​ထံ​သို့​ဆောင်​ခဲ့​ပြီး​မှ သတ်၍ သင်္ဂြိုဟ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​သော ယော​ရှ​ဖတ်၏​အ​မျိုး​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​သို့​အာ​ခ​ဇိ​အ​မျိုး သည် နိုင်​ငံ​ကို​အုပ်​စိုး​ခြင်း​ငှာ မ​တတ်​နိုင်။
ယု​ဒ​ဘု​ရင်​မ​အာ​သ​လိ
(၄​ရာ၊ ၁၁:၁-၃)
10အာ​ခ​ဇိ၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍​ယု​ဒ​ပြည်၏​ဆွေ​တော်​မျိုး​တော်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ 11သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊ 12ခြောက်​နှစ်​ပတ်​လုံး ယော​ရှ​သည် သူ​တို့​နှင့်​အ​တူ၊ ဗိ​မာန်​တော်၌ ပုန်း​ရှောင်​လျက်​နေ၍ အာ​သ​လိ​သည် စိုး​စံ​လေ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ