YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 31

31
ဟေ​ဇ​ကိ​၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
1ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။
2ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။ 3ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း၊ နေ့​ရက်​အ​စဉ် နံ​နက်​အ​ချိန်၊ ညဉ့်​ဦး​ချိန်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့၊ ဘ​ဏ္ဍာ​တော်​ထဲ​က ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍​လှူ​တော်​မူ၏။#တော၊ ၂၈:၁-၂၉:၃၉။ 4ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ကို ကြိုး​စား၍ သွန်​သင်​စေ​ခြင်း​ငှာ၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​တို့​သည် ဥ​စ္စာ​တစ်​ဖို့​ကို လှူ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။#တော၊ ၁၈:၁၂-၁၃၊ ၂၁။ 5ထို​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှံ့​အ​ပြား ကြား​သိ​ကြ​သော​အ​ခါ၊ အ​ဦး​သီး​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ ပျား​ရည်​အ​စ​ရှိ​သော မြေ​အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဥ​စ္စာ​ရှိ​သ​မျှ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း များ​စွာ​ဆောင်​ခဲ့​ကြ၏။ 6ယု​ဒ​မြို့​တို့၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ သိုး​နွား ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်၍ သန့်​ရှင်း​သော​ဥ​စ္စာ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း ဆောင်​ခဲ့၍ အ​သီး​အ​သီး ပုံ​ထား​ကြ၏။ 7တ​တိ​ယ​လ​တွင် ပုံ​ထား​စ​ပြု၍၊ သ​တ္တ​မ​လ​တွင် လက်​စ​သတ်​ကြ၏။ 8ပုံ​ထား​သော​ဥ​စ္စာ​ကို၊ ဟေ​ဇ​ကိ​နှင့် မှူး​မတ်​တို့​သည် လာ၍​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​ကြ၏။ 9ထို​ပုံ​ထား​သော ဥ​စ္စာ​အ​ကြောင်း​ကို ဟေ​ဇ​ကိ​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့၌​မေး​မြန်း​လျှင်၊ 10ဇာ​ဒုတ်​အ​မျိုး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ဇ​ရိ​က၊ ပူ​ဇော်​သ​ကာ​တို့​ကို၊ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​စ​ပြု​သော​နောက်၊ အ​ကျွန်ုပ်​တို့ စား​လောက်​အောင်​ရှိ​သည်​သာ​မ​က များ​စွာ​ကျန်​ကြွင်း​တတ်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ ပုံ​ထား​သော ဤ​ဥ​စ္စာ​များ​သည် ကျန်​ကြွင်း​လျက်​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။ 11ထို​အ​ခါ ဗိ​မာန်​တော်၌ ဘ​ဏ္ဍာ​တိုက်​တို့​ကို ပြင်​ဆင်​စေ​မည်​အ​ကြောင်း၊ ဟေ​ဇ​ကိ​မိန့်​တော်​မူ​သည်​အ​တိုင်း ပြင်​ဆင်၍၊ 12လှူ​သော​ဥ​စ္စာ၊ ဆယ်​ဖို့​တစ်​ဖို့​ဥ​စ္စာ၊ ပူ​ဇော်​သော​ဥ​စ္စာ​များ​ကို တ​ရား​နှင့်​အ​ညီ သွင်း​ထား​ကြ၏။ လေ​ဝိ​သား ကော​န​နိ​သည် တိုက်​အုပ်၊ သူ၏​ညီ​ရှိ​မိ​သည် တိုက်​စာ​ရေး​ဖြစ်၏။ 13ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ်၊ ဗေ​နာ​ယ​တို့​သည်​လည်း ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် ဗိ​မာန်​တော်​အုပ်​အာ​ဇ​ရိ စီ​ရင်​သည်​အ​တိုင်း၊ ကော​န​နိ​နှင့် သူ၏​ညီ​ရှိ​မိ​တို့​သည် အ​စေ​ခံ၍ ကြည့်​ရှု​ပြု​စု​ရ​ကြ၏။ 14အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။ 15ကော​ရ​လက်​ထောက်၊ ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ၊ ရှေ​က​နိ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​နေ​ရာ မြို့​တို့၌ အ​ရာ​ခံ​သည်​အ​တိုင်း၊ သင်း​ဖွဲ့​သော​ညီ​အစ်​ကို အ​ကြီး​အ​ငယ်​တို့​အား ပေး​ဝေ​ရ​ကြ၏။ 16သင်း​ဖွဲ့​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​သို့​ဝင်၍ အ​မှု​တော်​ကို​စောင့်​သော​သူ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ အ​သက်​သုံး​နှစ်​လွန်​သော ယောက်ျား​အ​ပေါင်း​တို့​အား​လည်း​ကောင်း၊ 17အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရင်း​ဝင်၍၊ အ​သက်​နှစ်​ဆယ်​လွန်​သ​ဖြင့်၊ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​မှု​တော်​စောင့်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​အား​လည်း​ကောင်း၊ 18သ​စ္စာ​စောင့်၍ ကိုယ်​ကို​သန့်​ရှင်း​စေ​သော ထို​သူ​တို့၏ သား​မ​ယား​သူ​ငယ်​မှ​စ၍၊ ပ​ရိ​သတ်​အ​နှံ့​အ​ပြား စာ​ရင်း​ဝင်​သ​မျှ​သော သူ​တို့​အား​လည်း​ကောင်း၊ နေ့​ရက်​အ​စဉ်​အ​တိုင်း ပေး​ဝေ​ရ​ကြ၏။ 19ထို​အ​တူ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​နေ​စ​ရာ​ဖို့ ခွဲ​ထား​သော​မြို့​နယ်​တို့၌ နေ​သော အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ယောက်ျား၊ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​အား​လည်း ပေး​ဝေ​ရ​ကြ၏။ 20ထို​သို့ ဟေ​ဇ​ကိ​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် စီ​ရင်၍၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု၊ သ​မ္မာ​တ​ရား​အ​မှု​တို့​ကို ပြု​တော်​မူ၏။ 21မိ​မိ​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​လျက်၊ ဗိ​မာန်​တော်၊ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​အ​ဖို့ အ​မှု​စောင့်​စ​ပြု​လေ​ရာ​ရာ၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြု၍ အ​ကြံ​ထ​မြောက်​တတ်၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ