၄ ဓမ္မရာဇဝင် 15
15
ယုဒဘုရင်သြဇိ
(၆ရာ၊ ၂၆:၁-၂၃)
1ဣသရေလရှင်ဘုရင် ယေရောဗောင်နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊ 2ယုဒရှင်ဘုရင် အာမဇိသားဩဇိသည် အသက်တစ်ဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိအမည်ရှိ၏။ 3ထိုမင်းသည် ခမည်းတော်အာမဇိ ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။ 4သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ 5ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော်ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။ 6ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 7ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌နန်းထိုင်၏။#ဟေရှာ၊ ၆:၁။
ဣသရေလဘုရင်ဇာခရိ
8ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ 9ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 10ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတစ်ဖက်၌သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏အရာ၌ နန်းထိုင်၏။ 11ဇာခရိပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 12ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေးဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသောစကားတော်ပြည့်စုံသတည်း။#၄ရာ၊ ၁၀:၃၀။
ဣသရေလဘုရင်ရှလ္လုံ
13ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည်နန်းထိုင်၍၊ ရှမာရိမြို့၌ တစ်လစိုးစံလေ၏။ 14ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့သို့သွား၍၊ ယာဖက်သားရှလ္လုံကို သေအောင်လုပ်ကြံပြီးလျှင်၊ သူ၏အရာ၌ နန်းထိုင်၏။ 15ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 16ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သားများ၊ တိရဇမြို့အလွန် တိဖသမြို့နယ်များတို့ကို လုပ်ကြံ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့်လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကိုခွဲလေ၏။
ဣသရေလဘုရင်မေနဟင်
17ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။ 18ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
19အာရှုရိရှင်ဘုရင်ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည်အကြောင်း၊ ပုလမင်းမစစေခြင်းငှာ၊ ငွေအခွက်တစ်သောင်းကိုဆက်ရ၏။ 20အာရှုရိရှင်ဘုရင်အား ဆက်စရာဖို့၊ မေနဟင်သည် ဣသရေလအမျိုး၌ ငွေခွဲ၍၊ ရတတ်သောသူတိုင်း အကျပ်ငါးဆယ်စီ ပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည် မနေ၊ မိမိပြည်သို့ပြန်သွား၏။ 21မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 22မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကဟိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလဘုရင်ပေကဟိ
23ယုဒရှင်ဘုရင်ဩဇိ နန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကဟိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။ 24ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 25အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။ 26ပေကဟိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ဣသရေလဘုရင်ပေကာ
27ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။ 28ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 29ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိပြည်သားအပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့ သိမ်းသွား၏။ 30ဩဇိသားယောသံ နန်းစံနှစ်ဆယ်တွင်၊ ဧလာသားဟောရှေသည် ရေမလိသား ပေကာမင်းတစ်ဖက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင်၏။ 31ပေကာပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယုဒဘုရင်ယောသံ
(၆ရာ၊ ၂၇:၁-၉)
32ဣသရေလရှင်ဘုရင် ရေမလိသားပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊ 33ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တစ်ဆယ့်ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။ 34ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ 35သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကိုလုပ်လေ၏။ 36ယောသံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊ 37ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင်ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ်တော်မူ၏။ 38ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
လက်ရှိရွေးချယ်ထားမှု
၄ ဓမ္မရာဇဝင် 15: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: