YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 24

24
1ယော​ယ​ကိမ်​မင်း​လက်​ထက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ယော​ယ​ကိမ်​သည် သုံး​နှစ်​ကျွန်​ခံ​ပြီး​မှ တစ်​ဖန်​လှန်​ပြန်၍ ပုန်​ကန်​လေ၏။#ယေ၊ ၂၅:၁-၃၈။ ဒံ၊ ၁:၁-၂။ 2ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ခါ​လ​ဒဲ​တပ်​သား၊ ရှု​ရိ​တပ်​သား၊ မော​ဘ​တပ်​သား၊ အ​မ္မုန်​တပ်​သား​တို့​ကို စစ်​ချီ​စေ​တော်​မူ၏။ 3-4မ​နာ​ရှေ​မင်း​ပြု​မိ​သ​မျှ​သော အ​ပြစ်၊ အ​သေ​မ​ခံ​ထိုက်​သော​သူ​တို့​ကို​သတ်၍ သူ​တို့​အ​သွေး​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို ပြည့်​စေ​သော အ​ပြစ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မ​မူ။ ယု​ဒ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​လို​သော​ငှာ စီ​ရင်​တော်​မူ​သည် အ​တိုင်း​သာ ထို​အ​မှု​ရောက်​သ​တည်း။ 5ယော​ယ​ကိမ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 6ယော​ယ​ကိမ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 7အဲ​ဂု​တ္တု​မြစ်​မှ​စ၍ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ပိုင်​သ​မျှ​သော​မြေ​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ယူ​သော​ကြောင့်၊ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် မိ​မိ​ပြည်​မှ မ​ချီ​မ​ထွက်​ရ။
ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ
(၆​ရာ၊ ၃၆:၉-၁၀)
8ယေ​ခေါ​နိ​သည် အ​သက်​ဆယ်​ရှစ်​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား ဧ​လ​နာ​သန်၏​သ​မီး​န​ဟု​တ္တ​အ​မည်​ရှိ၏။ 9ထို​မင်း​သည် ခ​မည်း​တော်​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။
10ထို​ကာ​လ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ၏ ကျွန်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​စစ်​ချီ၍ ဝိုင်း​ထား​ကြ၏။ 11ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ကိုယ်​တိုင်​ရောက်၍၊ သူ၏​ကျွန်​တို့​သည် မြို့​ကို ဝိုင်း​ထား​ကြ​သော​အ​ခါ၊ 12ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။#ယေ၊ ၂၂:၂၄-၃၀၊ ၂၄:၁-၁၀၊ ၂၉:၁-၂။ 13ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။ 14ယေ​ရု​ရှ​လင်​မြို့​သား​မှူး​မတ်၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တစ်​သောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော ဆ​ရာ​သ​မား​အ​ပေါင်း​တို့​ကို​သိမ်း​သွား၍၊ သာ​မ​ည​ဆင်း​ရဲ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ကျန်​ကြွင်း​ရ။ 15ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊#ယေ​ဇ၊ ၁၇:၁၂၊ 16စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ရှိ​သ​မျှ၊ ခွန်​အား​ကြီး​သော လူ​ခု​နစ်​ထောင်၊ အ​ထူး​ထူး​အ​ပြား​အ​ပြား​သော ဆ​ရာ​သ​မား​တစ်​ထောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ လက်​ရ​သိမ်း​သွား​လေ၏။
17ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ခေါ​နိ​ဘ​ထွေး​တော်​မဿ​နိ​ကို ဇေ​ဒ​ကိ​အ​မည်​ဖြင့်​မှည့်၍ ယေ​ခေါ​နိ​အ​ရာ၌ နန်း​တင်၏။#ယေ၊ ၃၇:၁၊ ယေဇ၊ ၁၇:၁၃။
ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ
(၆ ရာ၊ ၃၆:၁၁-၁၂၊ ယေ၊ ၅၂:၁-၃​)
18ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သား ယေ​ရ​မိ၏​သ​မီး​ဟာ​မု​တာ​လ​အ​မည်​ရှိ၏။#ယေ၊ ၂၇:၁-၂၂၊ ၂၈:၁-၁၇။ 19ထို​မင်း​သည် ယော​ယ​ကိမ်​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 20ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။#ယေဇ၊ ၁၇:၁၅။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ