YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 18:31-33

၂ ဓမ္မရာဇဝင် 18:31-33 JBMLE

တစ်​ဖန် ကု​ရှိ​ရောက်​လာ၍ အ​ရှင်​မင်း​ကြီး၊ သ​တင်း​ပါ​ပါ၏။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏ အ​ပြစ်​အ​လျောက် ယ​နေ့​စီ​ရင်​တော်​မူ​ပြီ​ဟု​လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က၊ ငါ့​သား​အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​သော်၊ ကု​ရှိ​က အ​ရှင်​မင်း​ကြီး၏​ရန်​သူ​များ၊ ကိုယ်​တော်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ ပုန်​ကန်​သော​သူ​များ​အ​ပေါင်း​တို့​သည် ထို​လု​လင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လေ၏။ ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။