တစ်ဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သောသူအပေါင်းတို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟုလျှောက်လျှင်၊ ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ရန်သူများ၊ ကိုယ်တော်ကိုညှဉ်းဆဲခြင်းငှာ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ ဖြစ်ကြပါစေသောဟု ပြန်လျှောက်လေ၏။ ရှင်ဘုရင်သည် အလွန်နာကျင်သောစိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။
၂ ဓမ္မရာဇဝင် 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 18:31-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ