တမန်တော် 19
19
ဧဖက်မြို့သို့ပေါလုရောက်ရှိခြင်း
1အာပေါလုသည် ကောရိန္သုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များကို လျှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊- 2သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။- 3ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။- 4ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆိုလျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်၊-#မ၊ ၃:၁၁။ မာ၊ ၁:၄၊ ၇-၈။ လု၊ ၃:၄-၁၁။ ယော၊ ၁:၂၆-၂၇။ 5ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံကြ၏။- 6ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။- 7ထိုသူတို့သည် အရေအတွက်အားဖြင့် တစ်ကျိပ်နှစ်ယောက်မျှလောက် ရှိသတည်း။
8ထိုနောက်မှ ပေါလုသည် တရားဇရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်းများကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။- 9အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြား ခွဲထားပြီးမှ၊- 10တုရန္နုအမည်ရှိသောသူ၏ စာသင်ဇရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်း ဟောပြောသောအားဖြင့်၊ အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
သကေဝ၏သားများ
11ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်းသောတန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊- 12ပေါလုသုံးသောပဝါ၊ ခါးပန်းတစ်ခုခုကို အနာရောဂါရှိသောသူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
13ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြောသော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟု ဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။- 14သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။- 15နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊- 16နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။- 17ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော်ကို ချီးမွမ်းကြ၏။- 18ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဖော်ပြလျက်တောင်းပန်ကြ၏။- 19နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။- 20ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
ဧဖက်မြို့တွင်ရုန်းရင်းခတ်ခြင်း
21ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊- 22မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။
23ထိုအခါ ဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊- 24ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။- 25ထိုသူသည် ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမားများကို စုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကိုအမှီပြု၍ ငါတို့၌အကျိုးစီးပွားဖြစ်သည်ကို သင်တို့သိကြ၏။- 26ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တစ်လျှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။- 27ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တစ်လျှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သော ဘုန်းအသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။- 28ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။- 29တစ်မြို့လုံး ရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာဇရပ်ထဲသို့ ညီညွတ်စွာ တစ်ဟုန်တည်းပြေးဝင်ကြ၏။- 30ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှာ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။- 31ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာဇရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။- 32စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တစ်ယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။
33ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတစ်ပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာစကားကို လူများတို့အား ပြောခြင်းငှာ အလိုရှိ၏။- 34သူသည် ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မျှလောက် လူအပေါင်းတို့သည် တစ်သံတည်းနှင့် ဟစ်ကြ၏။ 35မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသော ဘုရားကျွန်ဖြစ်သည်ကို မသိသောသူ တစ်စုံတစ်ယောက်ရှိသလော။- 36ဤအရာများတို့သည် ငြင်းခုံဖွယ်မရှိသည်ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာ နေသင့်ကြ၏။- 37သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကို လုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့၏ဘုရားကို မကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။- 38ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစ်စုံတစ်ယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။- 39သို့မဟုတ် သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသောအစည်းအဝေး၌ စီရင်ရလိမ့်မည်။- 40ယနေ့ ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသော စည်းဝေးခြင်း အကြောင်းကို ပြောစရာ တစ်စုံတစ်ခုမျှမရှိဟု၊- 41ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 19: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: