တမန်တော် 5
5
အာနနိနှင့် ရှဖိရေ
1သို့ရာတွင် အာနနိနှင့် ရှဖိရေအမည်ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာတစ်စုံတစ်ခုကို ရောင်းပြီးလျှင်၊- 2ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်သဖြင့်၊ တစ်ဖို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။- 3ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။- 4ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- 5ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။- 6လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
7ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။- 8ပေတရုကလည်း၊ ဤမျှလောက်နှင့် မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။- 9ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊- 10ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ ထိုမိန်းမသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။- 11သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။
နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာများ
12တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်း နေကြသဖြင့်၊- 13ကြွင်းသောသူ တစ်စုံတစ်ယောက်မျှ မပေါင်းဖော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းချီးပေးကြ၏။- 14သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။- 15ပေတရုသည် လမ်း၌လျှောက်သွားစဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှာ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာ ထားကြ၏။- 16ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။
ညှဉ်းပန်းနှိပ်စက်ခြင်း
17ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဖော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊- 18တမန်တော်တို့ကိုဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။- 19ညအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနုတ်၍၊ သင်တို့သွားကြလော့။- 20ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။
21ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှာ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။- 22မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၍၊- 23ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။- 24ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။- 25ထိုအခါ လူတစ်ယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။
26ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။- 27ထိုသို့ ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊- 28ထိုနာမကိုအမှီပြု၍ မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှာ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။-#မ၊ ၂၇:၂၅။ 29ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။- 30သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သောယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။- 31ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊ ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။- 32ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်းကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှာ အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။- 34ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- 35ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။- 36အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသော သူတစ်ယောက်သည် ထသဖြင့်၊ ငါသည် လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှလောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။- 37ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတစ်ယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှသောသူတို့သည် ပျောက်လွင့်ကြ၏။- 38ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။- 39ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။- 40ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။- 41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။- 42ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 5: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: