ဒေသနာ 8
8
ရှင်ဘုရင်၏အမိန့်ကိုနာခံလော့
1အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည်သနည်း။ ပညာသည် ပညာရှိသောသူ၏မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏မျက်နှာသည် အထူးသဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။ 2ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကိုထောက်၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။ 3သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။ 4ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူ ဆိုရာသနည်း။ 5အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကိုလည်းကောင်း၊ စီရင်ရသောအခွင့်ကိုလည်းကောင်း သိမြင်တတ်၏။ 6လူကြံစည်သမျှအဖို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။ 7နောက်ဖြစ်လတ္တံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတ္တံ့သည်ကို တစ်စုံတစ်ယောက်မျှ မပြောနိုင်ရာ။
8နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
9ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်လည်းရှိ၏။
အဓမ္မလူနှင့်ဖြောင့်မတ်သူ
10ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 11အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။ 12အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ 13အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။
14မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှုတစ်ပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟု ငါ့သဘောရှိ၏။ 15ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ 16လူအချို့တို့သည် တစ်နေ့နှင့် တစ်ညလုံးမအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှာလည်းကောင်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ 17ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။
လက်ရှိရွေးချယ်ထားမှု
ဒေသနာ 8: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: