ထွက်မြောက်ရာ 31
31
ဗေဇလေလနှင့်အဟောလျဘ
(ထွ၊ ၃၅:၃၀—၃၆:၁)
1တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ 2နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။ 3-5သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ 6သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။ 7ထိုသူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ 8စားပွဲနှင့် စားပွဲတန်ဆာကိုလည်းကောင်း၊ စင်ကြယ်သောမီးခုံနှင့် မီးခုံတန်ဆာရှိသမျှကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊ 9မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ 10အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ 11လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဖို့ နံ့သာပေါင်းမွှေးကိုလည်းကောင်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်ဟု မိန့်တော်မူ၏။
ဥပုသ်နေ့
12တစ်ဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 13ငါသည် သင်တို့ကိုသန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၊ ငါနှင့် သင်တို့၏သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဖို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ 14ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ 15ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန်အသေခံရမည်။#ထွ၊ ၂၀:၈-၁၁၊ ၂၃:၁၂၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃၊ တရား၊ ၅:၁၂-၁၄။ 16သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ 17ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။#ထွ၊ ၂၀:၁၁။ 18ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာ 31: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: