YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 35

35
ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​များ
1မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​ကို စည်း​ဝေး​စေ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော သင်​တို့​ကျင့်​ဝတ်​တ​ရား​ဟူ​မူ​ကား၊ 2ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။#ထွ၊ ၂၀:၈-၁၁၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊ ဝတ်၊ ၂၃:၃၊ တရား၊ ၅:၁၂-၁၄။ 3သင်​တို့​နေ​ရာ​အ​ရပ်၌ ဥ​ပုသ်​နေ့​မှာ မီး​ကို​မ​မွေး​ရ​ဟု ဆင့်​ဆို၏။
တဲ​တော်​အ​တွက်​အ​လှူ
(ထွ၊ ၂၅:၁-၉)
4တစ်​ဖန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​ကား၊ 5သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို ပြင်​ဆင်​ကြ​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ် ရှိ​သ​မျှ​သော​သူ​တို့​သည်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ 6ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊ 7အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား၊ 8လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊ 9ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​အား​လှူ​သော​အ​လှူ​ကို ဆောင်​ခဲ့​ကြ​လော့။
တဲ​တော်​ဆိုင်​ရာ​ပ​စ္စည်း​များ
(ထွ၊ ၃၉:၃၂-၄၃)
10သင်​တို့​တွင် လိ​မ္မာ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လာ၍၊ 11တဲ​တော်​နှင့် အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ရွှေ​ချောင်း၊ ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်​တို့​ကို​လည်း​ကောင်း၊ 12သေ​တ္တာ​နှင့် သူ၏​ထမ်း​ပိုး၊ သေ​တ္တာ​အ​ဖုံး၊ ကာ​ရ​သော​ကု​လား​ကာ​ကို​လည်း​ကောင်း၊ 13စား​ပွဲ​နှင့်​သူ၏​ထမ်း​ပိုး၊ သူ၏​တန်​ဆာ​ရှိ​သ​မျှ​နှင့် ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ 14မီး​ထွန်း​စ​ရာ​ဖို့​မီး​ခုံ​နှင့် သူ၏​တန်​ဆာ၊ မီး​ခွက်​များ၊ မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊ 15နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်​နှင့် သူ၏​ထမ်း​ပိုး၊ လိမ်း​ရန်​ဆီ၊ မွှေး​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကာ​ရန် ကု​လား​ကာ​ကို​လည်း​ကောင်း၊ 16မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​သော​ပ​လ္လင်​နှင့် ကြေး​ဝါ​ဆန်​ခါ၊ ထမ်း​ပိုး၊ တန်​ဆာ​ရှိ​သ​မျှ၊ အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​ကောင်း၊ 17တဲ​တော်​ဝင်း​ကု​လား​ကာ၊ တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကို​လည်း​ကောင်း၊ 18တဲ​တော်​တံ​သင်၊ ဝင်း​တံ​သင်​ကြိုး​များ​ကို​လည်း​ကောင်း၊ 19သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​ဝတ်​ရန် သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု​ဆင့်​ဆို၏။
လှူ​ဖွယ်​ရာ​များ​ကို​ယူ​ခဲ့​ကြ​ခြင်း
20ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​ထံ​မှ​ထွက်​သွား​ကြ၍၊ 21မိ​မိ​စိတ်​နှ​လုံး​နှိုး​ဆော်​သော​သူ၊ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​ရှိ​သော​သူ အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​လုပ်​ဖို့​လည်း​ကောင်း၊ အ​မှု​တော်​ထမ်း​စ​ရာ​ဖို့​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို​ဆောင်​လျက် လာ​ကြ၏။ 22ကြည်​ညို​သော စေ​တ​နာ​စိတ်​ရှိ​သော ယောက်ျား​မိန်း​မ​တို့​သည်၊ လက်​ကောက်၊ နား​တောင်း၊ လက်​စွပ်၊ နှာ​ခေါင်း​ဘူး၊ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ လှူ​သော​သူ အ​သီး​အ​သီး​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား​ရွှေ​ကို​လှူ​ကြ၏။ 23ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊ အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ​ရှိ​သော​သူ​တိုင်း ဆောင်​ခဲ့၏။ 24ငွေ​နှင့်​ကြေး​ဝါ​ကို လှူ​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား လှူ​လေ၏။ အ​မှု​တော်​နှင့်​ယှဉ်​သော အ​လုပ်​လုပ်​စ​ရာ​ဖို့ အ​ကာ​ရှ​သစ်​သား​ရှိ​သော​သူ​တိုင်း​လည်း ဆောင်​ခဲ့​လေ၏။ 25ရက်​ကန်း​တတ်​သော မိန်း​မ​အ​ပေါင်း​တို့​လည်း၊ ကိုယ်​လက်​နှင့်​ရက်၍၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ရက်​သ​မျှ​ကို ဆောင်​ခဲ့​ကြ၏။ 26မိ​မိ​ဉာဏ်​နှိုး​ဆော်​သော မိန်း​မ​အ​ပေါင်း​တို့​သည် ဆိတ်​မွေး​ကို ရက်​ကြ၏။ 27သူ​ကြီး​တို့​သည်​လည်း၊ ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​ကို​လည်း​ကောင်း၊ 28မီး​ထွန်း​စ​ရာ​ဖို့ လိမ်း​ရန်​ဆီ​ဖော်​ဖို့ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ နံ့​သာ​မျိုး​နှင့် ဆီ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။ 29ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။
ဗေ​ဇ​လေ​လ​နှင့်​အ​ဟော​လျ​ဘ
(ထွ၊ ၃၁:၁-၁၁)
30တစ်​ဖန်​မော​ရှေ​က၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​ကို​အ​မည်​ဖြင့် ခန့်​ထား​တော်​မူ​ပြီ။ 31-33သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို​လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍​စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ​လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို​ပေး၍၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပြီ။ 34သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။ 35ထို​သူ​တို့​သည် ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော​လက်​သ​မား၏ အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏​အ​လုပ်၊ ရက်​တတ်​သော​သူ၏​အ​လုပ်၊ အ​နည်း​နည်း လုပ်​တတ်​သော​သူ၏​အ​လုပ်​၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​ပြီ။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 35: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ