YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 6

6
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ဖာ​ရော​မင်း၌ အ​ဘယ်​သို့​ပြု​မည်​ကို သင်​သည် ယ​ခု​သိ​လိမ့်​မည်။ သူ​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို​တွေ့​မြင်၍၊ ငါ​၏​လူ​တို့​ကို လွှတ်​ရ​လိမ့်​မည်။ ကြီး​စွာ​သော တန်​ခိုး​ကို​တွေ့​မြင်၍ သူ​တို့​ကို မိ​မိ​ပြည်​မှ​နှင်​ရ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။
မော​ရှေ​ကို​ရွေး​ကောက်​ခြင်း
2တစ်​ဖန်​ဘု​ရား​သ​ခင်​သည် မော​ရှေ​၌ ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ 3ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား၊ အ​န​န္တ​တန်​ခိုး​ရှင်၊ ဘု​ရား​သ​ခင်​နာ​မ​နှင့် ထင်​ရှား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နာ​မ​အား​ဖြင့် သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ။#က၊ ၁၇:၁၊ ၂၈:၃၊ ၃၅:၁၁၊ ထွ၊ ၃:၁၃-၁၅။ 4သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။ 5အဲ​ဂု​တ္တု​လူ​တို့​သည်​အ​စေ​ကျွန်​ခံ​စေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ ငါ့​ပ​ဋိ​ညာဉ်​ကို​လည်း ငါ​အောက်​မေ့​၏။ 6ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။ 7ငါ​၏​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​ငါ​သိမ်း​ယူ​မည်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ 8ငါ​သည်​လည်း၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ကျိန်​ဆို​သော​ပြည်​သို့​ငါ​ပို့​ဆောင်၍၊ အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု​မိန့်​တော်​မူ​၏။ 9ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။
10ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​ထံ​သို့​ဝင်၍၊ 11သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 12မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။ 13သို့​ရာ​တွင် မော​ရှေ​နှင့် အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ​သို့​လည်း​ကောင်း စေ​ခိုင်း​မှာ​ထား​တော်​မူ​၏။
မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​မိ​သား​စု
14ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့၏​အ​မည်​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​သား​ဦး ရု​ဗင်၏​သား​ကား၊ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။ ဤ​သူ​တို့​သည် ရု​ဗင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။ 15ရှိ​မောင်၏​သား​ကား၊ ယ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး​သ​မီး​မိန်း​မ၏​သား ရှော​လ​တည်း။ ဤ​သူ​တို့​သည် ရှိ​မောင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။ 16လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။#တော၊ ၃:၁၇-၂၀၊ ၂၆:၅၇-၅၈၊ ၅ ရာ၊ ၆:၁၆-၁၉။ 17ဂေ​ရ​ရှုံ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။ 18ကော​ဟတ်​သား​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ ကော​ဟတ်​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​သုံး​နှစ်​ရှိ​သ​တည်း။ 19မေ​ရာ​ရိ​သား​ကား၊ မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း။ ဤ​သူ​တို့​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ဖြစ်​သ​တည်း။ 20အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။ 21ဣ​ဇ​ဟာ​သား​ကား၊ ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ​တည်း။ 22ဩ​ဇေ​လ​သား​ကား၊ မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တည်း။ 23အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။ 24ကော​ရ​သား​ကား၊ အဿိ​ရ၊ ဧ​လ​ကာ​န၊ အ​ဗျာ​သပ်​တည်း။ ဤ​သူ​တို့​သည် ကော​ရ​အ​ဆွေ​အ​မျိုး​ဖြစ်​သ​တည်း။ 25အာ​ရုန်​သား​ဧ​လ​ဇာ​သည် ပု​တျေ​လ​သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်၍၊ သူ​သည် ဖိ​န​ဟတ်​ကို​ဖွား​လေ၏။ ဤ​သူ​တို့​သည်​လေ​ဝိ​အ​မျိုး၊ အ​သီး​အ​သီး​တို့၏ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​ကြ​သ​တည်း။ 26ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊ 27ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ လျှောက်​ရ​သော​သူ​တို့​သည်၊ ထို​အာ​ရုန်​နှင့် မော​ရှေ​ဖြစ်​သ​တည်း။
ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်
28အဲ​ဂု​တ္တု​ပြည်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား ဗျာ​ဒိတ်​ထား​တော်​မူ​သော​နေ့​ရက်၌​လည်း၊ 29ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 30မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​နှုတ်​ရှိ​သည်​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​ဘယ်​သို့ နား​ထောင်​ပါ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ​လျှောက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ