YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 2

2
ယေ​ဇ​ကျေ​လ​ကို​ခေါ်​ခြင်း
1ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​သည်​မြင်​သော​အ​ခါ ပျပ်​ဝပ်​လျက်​နေ၏။ တစ်​ဦး​သော​သူ​က​လည်း၊ အ​ချင်း​လူ​သား၊ မတ်​တတ်​နေ​လော့။ သင့်​အား ငါ​ပြော​မည်​ဟု ငါ့​အား​ဆို​သံ​ကို ငါ​ကြား၏။ 2ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊ 3အ​ချင်း​လူ​သား၊ ငါ့​ကို​ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​နှင့်​တ​ကွ ငါ​တို့​အ​စဉ်​ပုန်​ကန်၍၊ ပြစ်​မှား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ 4ရဲ​သော​မျက်​နှာ​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​သော အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်၍၊ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု သူ​တို့​အား​ပြော​ရ​မည်။ 5သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​တွင် ပ​ရော​ဖက်​ရှိ​သည်​ကို သိ​ရ​ကြ​မည်။ 6အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။ 7သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။ 8အ​ချင်း​လူ​သား၊ ငါ​ပြော​သော​စ​ကား​ကို နား​ထောင်​လော့။ ထို​ပုန်​ကန်​တတ်​သော အ​မျိုး​ကဲ့​သို့ ပုန်​ကန်​သော​သ​ဘော မ​ရှိ​နှင့်။ သင့်​ပါး​စပ်​ကို ဖွင့်၍ ငါ​ပေး​သော​အ​ရာ​ကို စား​လော့​ဟု မိန့်​တော်​မူ​လျှင်၊ 9ငါ​ကြည့်၍ စာ​လိပ်​ပါ​သော​လက်​သည် ငါ့​ဆီ​သို့ ဆန့်​လျက်​ရှိ၏။#ဗျာ၊ ၅:၁။ 10ထို​စာ​လိပ်​ကို ငါ့​ရှေ့​မှာ​ဖွင့်​ဖြန့်​သော​အ​ခါ၊ တစ်​ဖက်​တစ်​ချက်၌​အ​က္ခ​ရာ​တင်၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ချက်၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း အ​ချက်၊ အ​မင်္ဂ​လာ​အ​ချက်​များ ပါ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ