YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 43

43
ဗင်္ယာ​မိန်​နှင့်​အ​တူ​သွား​ကြ​ခြင်း
1ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊ 2အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော​စ​ပါး​ကို စား​ကုန်​ပြီး​မှ၊ အ​ဘ​က၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဦး​ဟု​ဆို​၏။ 3ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။ 4ကျွန်ုပ်​တို့​ညီ​ကို​ထည့်​လျှင်​သွား၍ အ​ဘ​စား​ဖို့​ရာ​ဝယ်​ပါ​မည်။ 5ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။ 6ဣ​သ​ရေ​လ​က​လည်း၊ သင်​တို့၌​ညီ​ရှိ​မှန်း​ကို ထို​သူ​အား​ပြော၍ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု​ဆို​သော်၊ 7သူ​တို့​က၊ ထို​သူ​သည် ကျွန်ုပ်​တို့၏​အ​ကြောင်း​အ​ရာ​အ​မျိုး​အ​နွယ်​တို့​ကို ကျပ်​ကျပ်​မေး​လျက်၊ သင်​တို့​အ​ဘ​အ​သက်​ရှင်​သေး​သ​လော၊ ညီ​ရှိ​သေး​သ​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​တို့​သည် သူ၏​စ​ကား​သ​ဘော​သို့​လိုက်၍ ပြန်​ပြော​ရ​ပါ၏။ သင်​တို့​ညီ​ကို​ဆောင်​ခဲ့​ကြ​ဟု သူ​ပြော​မည်​ကို ကျွန်ုပ်​တို့​သည် အ​မှန်​သိ​နိုင်​ပါ​သ​လော​ဟု ဆို​ကြ​၏။ 8ယု​ဒ​က​လည်း၊ သူ​ငယ်​ကို ကျွန်ုပ်​နှင့်​အ​တူ​လွှတ်​ပါ။ သို့​ပြု​လျှင် အ​ဘ​မှ​စ၍ ကျွန်ုပ်​တို့​နှင့် သူ​ငယ်​များ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ကျွန်ုပ်​တို့​ထ၍ သွား​ကြ​ပါ​မည်။ 9ကျွန်ုပ်​သည် သူ၏​အာ​မ​ခံ​ဖြစ်​ပါ​မည်။ ကျွန်ုပ်​တွင် သူ့​ကို​တောင်း​ပါ။ သူ့​ကို​ပြန်၍​မ​ဆောင်၊ အ​ဘ​ရှေ့​မှာ​မ​ထား​လျှင်၊ အ​စဉ်​မ​ပြတ် အ​ပြစ်​ကို​ခံ​ပါ​စေ။ 10ဤ​မျှ​လောက်​မ​ဖင့်​နွှဲ​လျှင်၊ အ​ကယ်၍ ဒု​တိ​ယ​အ​ကြိမ်​တွင် ပြန်​ရောက်​ပါ​ပြီ​ဟု အ​ဘ​ဣ​သ​ရေ​လ​အား ဆို​၏။ 11အ​ဘ​ဣ​သ​ရေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ဤ​သို့​ပြု​ကြ​လော့။ ထို​သူ​အား ဆက်​စ​ရာ​ဖို့ သင်​တို့​အိတ်​ဝ​တို့​တွင် ခါ​နာန်​ပြည်​၏​အ​သီး​မျိုး အ​ကောင်း​ဆုံး​တည်း​ဟူ​သော ဗာ​လ​စံ​စေး​အ​နည်း​ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ယူ​ကြ​လော့။ 12သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။ 13သင်​တို့​ညီ​ကို​လည်း​ယူ၍ တစ်​ဖန်​ထို​သူ​ထံ​သို့ ထ​သွား​ကြ​လော့။ 14ထို​သူ​သည် သင်​တို့​အစ်​ကို​တစ်​ယောက်​နှင့် ဗင်္ယာ​မိန်​ကို လွှတ်​လိုက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သူ့​စိတ်​နှင့်​တွေ့​ရ​သော​အ​ခွင့်​ကို အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ငါ​သည် သား​ဆုံး​ခြင်း​ကို​ခံ​ရ​လျှင် ခံ​ရ​တော့​မည်​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း၊ 15သူ​တို့​သည် ထို​လက်​ဆောင်​ကို​လည်း​ကောင်း၊ မိ​မိ​လက်၌​ငွေ​နှစ်​ဆ​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​ကို​လည်း​ကောင်း၊ ယူ၍​ထ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ယော​သပ်​ရှေ့​မှာ ရပ်​နေ​ကြ​၏။
16သူ​တို့​နှင့်​အ​တူ ဗင်္ယာ​မိန်​ပါ​လာ​သည်​ကို ယော​သပ်​မြင်​လျှင်၊ ဝန်​စာ​ရေး​ကို​ခေါ်၍၊ ဤ​သူ​တို့​ကို​အိမ်​သို့​ခေါ်​သွား​လော့။ အ​ကောင်​များ​ကို​သတ်​၍ စား​စ​ရာ​ကို​ပြင်​ဆင်​လော့။ သူ​တို့​သည် ငါ​နှင့်​အ​တူ​မွန်း​တည့်​စာ​ကို စား​ရ​ကြ​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊ 17ဝန်​စာ​ရေး​ပြု​၍၊ သူ​တို့​ကို ယော​သပ်​အိမ်​သို့​ခေါ်​သွား​၏။ 18ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊ 19ယော​သပ်​၏​ဝန်​စာ​ရေး​အ​နီး​သို့ ချဉ်း​ကပ်၍ အိမ်​တံ​ခါး​နား​မှာ​နှုတ်​ဆက်​လျက်၊ 20သ​ခင်၊ ယ​မန်​က အ​ကျွန်ုပ်​တို့​သည် အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​မှန်​လာ​ပါ​၏။ 21စ​ခန်း​သို့​ရောက်၍ အိတ်​များ​ကို​ဖွင့်​သော​အ​ခါ၊ လူ​တိုင်း​ဆိုင်​သော​ငွေ​သည် အ​လျှင်း​မ​လျော့​ဘဲ အိတ်​ဝ​တွင် ရှိ​ပါ၏။ ထို​ငွေ​ကို တစ်​ဖန်​ဆောင်​ခဲ့​ကြ​ပါ​ပြီ။ 22ယ​ခု​လည်း​အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​ခြား​သော​ငွေ​ကို ကိုယ်​၌​ဆောင်​ခဲ့​ကြ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​တို့​အိတ်​များ၌ အ​ဘယ်​သူ​ထား​သည်​ကို မ​သိ​နိုင်​ပါ​ဟု​ဆို​ကြ​သော်၊ 23ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။ 24ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။ 25မွန်း​တည့်​ချိန်၌ ယော​သပ်​လာ​လိမ့်​မည်​ဟု သူ​တို့​သည်​မျှော်​လင့်၍ လက်​ဆောင်​ကို​ပြင်​နှင့်​ကြ​၏။ ထို​အိမ်​၌​သူ​တို့​သည် အ​စာ​ကို​စား​ရ​လိမ့်​မည်​ဟု သူ​တို့​သည်​ကြား​လေ​သ​တည်း။
26ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။ 27ယော​သပ်​သည်​နှုတ်​ဆက်​ပြီး​လျှင်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော သင်​တို့​အ​ရင်​ပြော​သော အ​သက်​ကြီး​သူ​သည် ကျန်း​မာ​ပါ၏​လော။ အ​သက်​ရှင်​သေး၏​လော​ဟု​မေး​လျှင်၊ 28သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။ 29ထို​အ​ခါ ယော​သပ်​သည်​မျှော်​ကြည့်​၍ မိ​မိ​အ​မိ၏​သား၊ မိ​မိ​ညီ​ရင်း​ဗင်္ယာ​မိန်​ကို​မြင်​လျှင်၊ ဤ​သူ​ကား သင်​တို့​အ​ရင်​ပြော​သော သင်​တို့​ညီ​ဖြစ်​သ​လော​ဟု​မေး​လျက်၊ သင့်​ကို ဘု​ရား​သ​ခင်​ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ငါ့​သား​ဟု ဆို​ပြီး​မှ၊ 30ညီ​ရင်း​ကို​မြင်​ရ​၍ ကြင်​နာ​သော​စိတ်​ရှိ​သော​ကြောင့် အ​လျင်​အ​မြန်​ထ​သွား​လေ၏။ ငို​ရာ​အ​ရပ်​ကို​ရှာ​သ​ဖြင့်၊ အိပ်​ခန်း​ထဲ​သို့​ဝင်၍ ငို​လေ​၏။ 31တစ်​ဖန်​မျက်​နှာ​ကို​သစ်၍ ဣ​န္ဒြေ​ချုပ်​တည်း​လျက် ပြင်​သို့​ထွက်​ပြီး​လျှင်၊ စား​ပွဲ​ကို​ပြင်​ကြ​ဟု အ​မိန့်​ရှိ​၏။ 32ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။ 33ညီ​အစ်​ကို​တို့​သည် အ​ကြီး​မှ​စ၍​အ​ငယ်​တိုင်​အောင် အ​ရွယ်​အ​လိုက် ယော​သပ်​ရှေ့​မှာ​ထိုင်​နေ​ကြ​၏။ သူ​တို့​သည် အ​ချင်း​ချင်း​ကြည့်​ရှု​၍ အံ့​ဩ​ခြင်း​ရှိ​ကြ​၏။ 34ယော​သပ်​သည်​လည်း သူ​တို့​စား​ရန်​အ​ဖို့ အ​သီး​အ​သီး​တို့​ကို မိ​မိ​ထံ​မှ​ပေး​လိုက်၏။ ဗင်္ယာ​မိန်​ရ​သော​အ​ဖို့​သည် အစ်​ကို​တို့​ရ​သော​အ​ဖို့​ထက် ငါး​ဆ​များ​သ​တည်း။ သူ​တို့​သည်​သောက်၍​ပျော်​မွေ့​ခြင်း​သို့ ရောက်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 43: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ