ဟောရှေ 14
14
နောင်တရရန်မေတ္တာရပ်ခံချက်
1အို ဣသရေလ၊ သင်သည် ကိုယ်ပြုသောဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။ 2ပတ္ထနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ပူဇော်ပါမည်။ 3အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တစ်ဖန်မဆိုပါ။ အကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
ခွင့်လွှတ်ပေးမည့်ကတိတော်
4ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက်မည်။ 5ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။ 6အညွန့်တို့သည် ပြန့်ပွား၍၊ သံလွင်ပင်ကဲ့သို့ အသရေ တင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်။
7ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကို ပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွား၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။ 8ငါသည် နောက်တစ်ဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကို ကြည့်ရှုမည်။ စိမ်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့် ပြည့်စုံလိမ့်မည်။
နိဂုံးချုပ်
9အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။
ပရောဖက်ဟောရှေစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
လက်ရှိရွေးချယ်ထားမှု
ဟောရှေ 14: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: