ဟောရှေ 9
9
ဣသရေလတို့ခံရမည့်ပြစ်ဒဏ်
1အို ဣသရေလအမျိုး၊ တစ်ပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသောစိတ်ရှိ၍ မခုန်နှင့်။ ကိုယ်ဘုရားသခင်၌ မဆည်းကပ်၊ အခြားသောဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ်သက်တတ်၏။ 2ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မျှော်လင့်သည်အတိုင်း မထွက်ရ။ 3ဧဖရိမ်အမျိုးသားတို့သည် ထာဝရဘုရား၏မြေတော်၌မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။ 4စပျစ်ရည်သွန်းလောင်းရာ ပူဇော်သကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သောယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စားသောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။ 5ဓမ္မပွဲနေ့၊ ထာဝရဘုရားအဖို့ ဆောင်သော ပွဲနေ့တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။ 6ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ။ အဲဂုတ္တုပြည်၌စု၍ မင်ဖိမြို့၌ သင်္ဂြိုဟ်ကြလိမ့်မည်။ ငွေတန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုးတို့သည် လွှမ်းမိုးကြလိမ့်မည်။ 7စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ်ပေးရသောအချိန် ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆုကျေးဇူးကိုခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ်ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။#လု၊ ၂၁:၂၂။ 8ဧဖရိမ်ကင်းစောင့်သည် မိမိဘုရားဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသောသူ ဖြစ်၏။ 9ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။#သူကြီး၊ ၁၉:၁-၃၀။
ဣသရေလတို့အပြစ်နှင့်ပြစ်ဒဏ်
10တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါတွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဖွယ်သောအရာအဖို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို ပြုကြ၏။#တော၊ ၂၅:၁-၅။ 11ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။ 12သားသမီးတို့ကို ကျွေးမွေးသော်လည်း၊ တစ်ယောက်ကိုမျှ မကျန်စေခြင်းငှာ ငါလုယူမည်။ အကယ်၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည်။ 13ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက်သို့ အပ်ရလိမ့်မည်။ 14အို ထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ်သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။
ဣသရေလတို့ကိုစီရင်ခြင်း
15ဂိလဂါလမြို့၌ သူတို့ပြုသမျှသောဒုစရိုက်ရှိ၍၊ ထိုအရပ်၌ သူတို့ကို ငါမုန်း၏။ သူတို့ဒုစရိုက်အပြစ်ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည်။ နောက်တစ်ဖန် သူတို့ကိုမချစ်။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သောသူ ဖြစ်ကြ၏။ 16ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့်၊ အမြစ်သွေ့ခြောက်လျက်ရှိ၍ အသီးကို မသီးနိုင်ရာ။ သားဖွားသော်လည်း၊ အချစ်ဆုံးသောသားတို့ကို ငါသတ်မည်။ 17ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်။
လက်ရှိရွေးချယ်ထားမှု
ဟောရှေ 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: