YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 15

15
မော​ဘ​ပြည်နှင့်ဆိုင်သောဗျာဒိတ်
1မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။#ဟေ​ရှာ၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ ယေ​ဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။ 2ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။ 3လမ်း​ခ​ရီး​တို့​တွင် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၍၊ အိမ်​မိုး​ပေါ်၌​လည်း​ကောင်း၊ လမ်း​မ၌​လည်း​ကောင်း ရှိ​သ​မျှ​သော​သူ​တို့​သည် ညည်း​တွား​မြည်​တမ်း၍၊ အ​လွန် မျက်​ရည်​ကျ​ကြ၏။ 4ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့​တို့​လည်း ငို​ကြွေး၍၊ ငို​သံ​သည် ယာ​ဟတ်​မြို့​တိုင်​အောင် ကြား​ရ၏။ မော​ဘ​သူ​ရဲ​တို့​သည်​လည်း၊ တုန်​လှုပ်​သော​စိတ်​နှ​လုံး​နှင့် ငို​ကြွေး​ကြ၏။ 5ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။ 6အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ်​ရေ​ကန်​တို့​သည် ဆိတ်​ညံ၍၊ မြက်​ပင်​များ သွေ့​ခြောက်​ခဲ့​ပြီ။ ပျိုး​ပင်​များ​လည်း သေ​ခဲ့​ပြီ။ စိမ်း​သော​အ​ပင် တစ်​ပင်​မျှ​မ​ရှိ။ 7ထို​ကြောင့်၊ သူ​တို့​သည် မိ​မိ​တို့​ဆည်း​ပူး​သော​ဥ​စ္စာ၊ သို​ထား​သော​ဘ​ဏ္ဍာ​များ​ကို မိုး​မ​ခ​ပင်​ချိုင့်​သို့ ယူ​သွား​ကြ​လိမ့်​မည်။ 8ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။ 9အ​ကြောင်း​မူ​ကား၊ ဒိ​မုန်​မြို့​ရေ​တို့​သည် အ​သွေး​နှင့်​ပြည့်​ကြ၏။ ဒိ​မုန်​မြို့​အ​ပေါ်​မှာ အ​ခြား​သော​ဘေး​များ​ကို​လည်း​ကောင်း၊ လွတ်​အောင်​ပြေး​သော မော​ဘ​ပြည်​သား​နှင့် ကျန်​ကြွင်း​သော ပြည်​သား​အ​ပေါ်​မှာ ခြင်္သေ့​တို့​ကို​လည်း​ကောင်း ငါ​ရောက်​စေ​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ