YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 20

20
အ​ဝတ်​မ၀တ်​သော​ပ​ရော​ဖက်
1အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊ 2ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​သွား၍ ခါး​စည်း​သော​လျှော်​တေ​အ​ဝတ်​နှင့် ခြေ​နင်း​ကို​ချွတ်​လော့​ဟု၊ အာ​မုတ်​သား​ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည်​ပြု၍ အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​လျက်​နေ၏။ 3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ဟေ​ရှာ​ယ​သည် အဲ​ဂု​တ္တု​ပြည်​နှင့် ကု​ရှ​ပြည်၌ ပု​ပ္ပ​နိ​မိတ်၊ အံ့​ဖွယ်​သော​အ​ရာ​ကို ပြ​ခြင်း​ငှာ၊ သုံး​နှစ်​ပတ်​လုံး အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​သ​ကဲ့​သို့၊ 4ထို​နည်း​တူ၊ အဲ​ဂု​တ္တု​လူ​များ​ကို အ​ရှက်​ခွဲ​ခြင်း​အ​လို​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် အဲ​ဂု​တ္တု​လူ​နှင့် ကု​ရှ​လူ​အ​ကြီး​အ​ငယ်​တို့​အား အ​ဝတ်​နှင့်​ခြေ​နင်း​ကို ချွတ်၍၊ တင်​ပါး​ကို​မျှ မ​ဖုံး​စေ​ဘဲ၊ ဖမ်း​ဆီး​ချုပ်​ထား​သိမ်း​သွား​လိမ့်​မည်။ 5အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။ 6ထို​ကမ်း​နား​မှာ နေ​သော​သူ​များ​က​လည်း၊ ကြည့်​ပါ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​လက်​မှ​လွတ်​ခြင်း​ငှာ ငါ​တို့ မျှော်​လင့်​ရာ​အ​ရာ၊ ပြေး၍ ခို​လှုံ​ရာ​အ​ရာ​သည် ထို​သို့ ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​မည်​နည်း​ဟု ထို​အ​ခါ ဆို​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ