YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 29

29
ယေ​ရု​ရှ​လင်​မြို့​၏​ကံ​ကြမ္မာ
1အ​ရေ​လ​မြို့၊ ဒါ​ဝိဒ်​မင်း​နေ​သော အ​ရေ​လ​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ တစ်​နှစ်​ပေါ်​မှာ တစ်​နှစ်​ထပ်​ကြ​လော့။ ပွဲ​တို့​ကို အ​လှည့်​လှည့်​ခံ​ကြ​လော့။ 2သို့​ရာ​တွင်၊ အ​ရေ​လ​မြို့​ကို ငါ​ဆင်း​ရဲ​စေ၍၊ ထို​မြို့​သည် ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​ရှိ​သော်​လည်း၊ အ​ရေ​လ​မြို့​ကဲ့​သို့ ငါ့​ရှေ့​မှာ ဖြစ်​ရ​လိမ့်​မည်။ 3ငါ​သည် သင့်​ပတ်​ဝန်း​ကျင်၌ တပ်​ချ​မည်။ မြေ​ရိုး​နှင့် ဝိုင်း​ထား၍၊ မြေ​က​တုပ်​များ​ကို​လည်း တူး​လုပ်​မည်။ 4သင်​သည် နှိမ့်​ချ​ခြင်း​ကို​ခံ၍ မြေ​ထဲ​က ပြော​ရ​လိမ့်​မည်။ မြေ​မှုန့်​ထဲ​က ငယ်​သော​အ​သံ​နှင့် မြွက်​ရ​လိမ့်​မည်။ သင်​ပြော​သော​အ​သံ​သည် နတ်​ဝင်​သူ​ပြော​သံ​ကဲ့​သို့ မြေ​ထဲ​က​ထွက်၍၊ သင်​သည် မြေ​မှုန့်​ထဲ​က အ​သံ​သေး​နှင့် တိုး​တိုး မြွက်​ဆို​ရ​လိမ့်​မည်။ 5သို့​ရာ​တွင်၊ သင်၏​ရန်​သူ အ​လုံး​အ​ရင်း​သည် အ​ဏု​မြူ​ကဲ့​သို့​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​သော​သူ အ​လုံး​အ​ရင်း​သည် လွင့်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၍၊ အ​လျင်​တ​ဆော ချက်​ချင်း အ​မှု​ရောက်​လိမ့်​မည်။ 6ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။ 7အ​ပြည်​ပြည်​က​လာ၍၊ အ​ရေ​လ​မြို့​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း၊ အ​ရေ​လ​မြို့​နှင့် ရဲ​တိုက်​ကို​တိုက်၍ ညှဉ်း​ဆဲ​သော​သူ အ​ပေါင်း​တို့​သည် အိပ်​မက်​တည်း​ဟူ​သော ည​ရူ​ပါ​ရုံ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ 8မွတ်​သိပ်​သော​သူ​သည် အိပ်​မက်​တွင်​စား​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ အ​မွတ်​အ​သိပ် မ​ပြေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​သည် အိပ်​မက်​တွင် သောက်​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ နွမ်း​နယ်​လျက်၊ တောင့်​တ​လျက် ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြည်​ပြည်​က​လာ၍၊ ဇိ​အုန်​တောင်​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း​သည် ဖြစ်​ရ​လိမ့်​မည်။
သ​တိ​ပေး​စ​ကား​ကို​နား​မ​ထောင်​ခြင်း
9ဖင့်​နွှဲ၍ မှိုင်​တွေ​ကြ​လော့။ ကာ​မ​ဂုဏ်၌ ပျော်​မွေ့၍ မွှန်​လျက်​နေ​ကြ​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ ယစ်​မူး​လျက်၊ သေ​ရည်​သေ​ရက်​ကို မ​သောက်​ဘဲ တိမ်း​ယိမ်း​လျက်​ရှိ​ကြ၏။ 10အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အိပ်​ချင်​သော​သ​ဘော​ကို သင်​တို့၌ သွင်း​သ​ဖြင့်၊ သင်​တို့​မျက်​စိ​ကို​ပိတ်၍၊ သင်​တို့၏ ပ​ရော​ဖက်​များ၊ မင်း​များ၊ ဗျာ​ဒိတ်​ခံ​သူ​များ​တို့​ကို ဖုံး​လွှမ်း​တော်​မူ​ပြီ။#ရော၊ ၁၁:၈။ 11ဗျာ​ဒိတ်​တော်​ရှိ​သ​မျှ​သည် တံ​ဆိပ်​ခတ်​သော​စာ​ကဲ့​သို့ သင်​တို့၌ ဖြစ်၏။ ထို​စာ​သည် စာ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ဤ​စာ​ကို ငါ​မ​ဖတ်​နိုင်။ တံ​ဆိပ်​ခတ်​လျက်​ရှိ၏​ဟု ပြန်​ပြော​တတ်၏။ 12ထို​စာ​ကို စာ​မ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို​ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ငါ​သည် စာ​မ​တတ်​ဟု ပြန်​ပြော​တတ်၏။ 13ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။#မ၊ ၁၅:၈-၉။ မာ၊ ၇:၆-၇။ 14ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#၁​ကော၊ ၁:၁၉။
15ထာ​ဝ​ရ​ဘု​ရား မ​သိ​စေ​ခြင်း​ငှာ၊ နက်​နဲ​သော​အ​ကြံ​ကို ကြံ၍၊ မှောင်​မိုက်​ထဲ​မှာ အ​မှု​ကို​ပြု​လျက်၊ ငါ​တို့​ကို အ​ဘယ်​သူ​မြင်​သ​နည်း။ ငါ​တို့​ကို အ​ဘယ်​သူ​သိ​သ​နည်း​ဟု ပြော​ဆို​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 16သင်​တို့​သည် ဖောက်​ပြန်​ကြ​သည်​တ​ကား။ အိုး​ထိန်း​သ​မား​ကို၊ အိုး​မြေ​ကဲ့​သို့ မှတ်​ရ​မည်​လော။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ​သည် ငါ့​ကို​မ​လုပ်​ဟု ဆို​ရ​မည်​လော၊ ဖန်​ဆင်း​အပ်​သော​အ​ရာ​သည် ဖန်​ဆင်း​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ၌ ပ​ညာ​အ​တတ်​မ​ရှိ​ဟု ဆို​ရ​မည်​လော။#ဟေ​ရှာ၊ ၄၅:၉။
အ​နာ​ဂတ်​အ​တွက်​မျှော်​လင့်​ချက်
17လေ​ဗ​နုန်​တောင်​သည် ဝ​ပြော​သော လယ်​ပြင်​ကဲ့​သို့​လည်း​ကောင်း၊ ဝ​ပြော​သော​လယ်​ပြင်​သည် တော​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သော​အ​ချိန် နီး​ပြီ​မ​ဟုတ်​လော။ 18ထို​ကာ​လ၌ နား​ပင်း​သော​သူ​တို့​သည် ကျမ်း​စ​ကား​ကို ကြား​ကြ​လိမ့်​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မြှေး​ရှက်​ခြင်း၊ မှောင်​မိုက်​ခြင်း​နှင့် ကင်း​လွတ်၍ မြင်​ကြ​လိမ့်​မည်။ 19စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍၊ ဝမ်း​မြောက်​ခြင်း တိုး​ပွား​ကြ​လိမ့်​မည်။ လူ​တို့​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​လိမ့်​မည်။ 20အ​ကြောင်း​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​သူ​သည် ဆုံး​ရှုံး​ရ၏။ ဆဲ​ရေး​သော​သူ​သည် ပျောက်​ကုန်​ရ၏။ သူ့​အ​ပြစ်​ကို ချောင်း​မြောင်း​သော​သူ၊ 21တ​ရား​တွေ့၍ ဆင်း​ရဲ​သား​ကို အ​ပြစ်​ရောက်​စေ​သော​သူ၊ မြို့​တံ​ခါး​ဝ​မှာ အ​မှု​သည်​ကို ကျော့​မိ​စေ​ခြင်း​ငှာ ပြု​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​သော​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ရ၏။
22သို့​ဖြစ်၍ အာ​ဗြ​ဟံ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ယာ​ကုပ်​အ​မျိုး​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​သည် နောက်​တစ်​ဖန် ရှက်​ကြောက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း မ​ရှိ​ရ။ 23ထို​အ​မျိုး​သား​တို့​သည် ငါ​စီ​ရင်​သော​အ​မှု​ကို မြင်​လျှင်၊ ငါ့​နာ​မ​ကို မိ​မိ​တို့​တွင် ရို​သေ​ကြ​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို ရို​သေ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။ 24စိတ်​သ​ဘော ဖောက်​ပြန်​သော​သူ​တို့​သည် ပ​ညာ​သ​တိ​ကို ရ​ကြ၍၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည်​လည်း၊ ဆုံး​မ​ဩ​ဝါ​ဒ​စ​ကား​ကို နာ​ယူ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ