YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 35

35
ဇိ​အုန်၏​အ​နာ​ဂတ်​ဘုန်း​တော်
1တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။ 2အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။
3အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။#ဟေ​ဗြဲ၊ ၁၂:၁၂။ 4အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ 5ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။#မ၊ ၁၁:၅။ လု၊ ၇:၂၂။ 6ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။ 7တံ​လျှပ်​သည် ရေ​ကန်​ဖြစ်​လိမ့်​မည်။ သွေ့​ခြောက်​သော​မြေ​သည် စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေ​ခွေး​အိပ်​ရာ​နေ​ရာ၌ ကျူ​ပင်​နှင့် ဂ​မာ​ပင်​အ​စား၊ မြက်​ပင်​ပေါက်​လိမ့်​မည်။ 8ထို​အ​ရပ်၌ လမ်း​မ​ကြီး​ရှိ​လိမ့်​မည်။ ထို​လမ်း​ကို သန့်​ရှင်း​ရာ​လမ်း​ဟု သ​မုတ်​ကြ​လိမ့်​မည်။ မ​စင်​ကြယ်​သော​သူ​သည် ထို​လမ်း​ကို မ​လျှောက်​မ​သွား​ရ။ သွား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ခ​ရီး​သွား​လျက်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိုက်​သော​သူ​သော်​လည်း လမ်း​မ​လွဲ​ရ။ 9ထို​လမ်း၌ ခြင်္သေ့​မ​ရှိ​ရ။ သား​ရဲ​တစ်​ကောင်​မျှ မ​တက်​မ​လာ​ရ။ ရှာ၍ မ​တွေ့​ရ။ ရွေး​နုတ်​သော​သူ​တို့​သာ​လျှင် ခ​ရီး​သွား​ကြ​လိမ့်​မည်။ 10ထာ​ဝ​ရ​ဘု​ရား​ကယ်​လွှတ်​တော်​မူ​သော သူ​တို့​သည် ပြန်​လာ၍၊ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့​ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်းနည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 35: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ