ဟေရှာယ 8
8
ဟေရှာယ၏သားသည်လူမျိုးတော်အတွက်နိမိတ်
1တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။ 2ထိုအခါ သက်သေခံစေခြင်းအလိုငှာ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။ 3ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ်ဟူသော အမည်ဖြင့် မှည့်လော့။ 4အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘဟု မခေါ်တတ်မီ၊ ဒမာသက်မြို့၏စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။
အာရှုရိဘုရင်လာရောက်လိမ့်မည်
5တစ်ဖန် ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်းညင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊ 6ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊ 7ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့် သူတို့ကို လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍၊ မိမိကမ်းများကိုလျှံလျက်၊ 8ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မီလိမ့်မည်။ သူ၏အတောင်တို့ကိုလည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အို ဧမာနွေလဟု မိန့်တော်မူ၏။
9အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ 10တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။
ပရောဖက်အားသတိပေးခြင်း
11ဤလူမျိုး၏ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍ မိန့်တော်မူသည်ကား၊ 12သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။#၁ပေ၊ ၃:၁၄-၁၅။ 13ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။ 14ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။#၁ပေ၊ ၂:၈။ 15ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။ 16ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏။ 17ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့လျက် မျှော်လင့်မည်။#ဟေဗြဲ၊ ၂:၁၃။ 18ငါမှစ၍ ငါ့အား ထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဖွယ်သောအရာ ဖြစ်စေခြင်းငှာ ပေးတော်မူသတည်း။#ဟေဗြဲ၊ ၂:၁၃။ 19တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။ 20တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး။
ဒုက္ခဆင်းရဲကာလ
21ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန်သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကိုကိုယ်နှောင့်ယှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်။ 22အထက်သို့ မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏။ ထူထပ်သောမှောင်မိုက်နှင့် တွေ့၍၊ အလင်းကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 8: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: