YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 39

39
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း
1ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး​နန်း​စံ​ကိုး​နှစ် ဒ​သ​မ​လ​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ​လာ၍ ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ၏။ 2ဇေ​ဒ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​တစ်​နှစ်၊ စ​တု​တ္ထ​လ​ကိုး​ရက်​နေ့၌ မြို့​ကို​ဖြို​ဖောက်၍၊ 3ရွှေ​ဓား​ဝန် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ မိန်း​မ​စိုး​အုပ် စာ​သ​ခိမ်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​စ​ရှိ​သော မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့​ဝင်၍၊ အ​လယ်​ချက် တံ​ခါး​ဝ၌ ထိုင်​ကြ၏။ 4ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထို​လူ​များ​ကို​မြင်​လျှင်၊ ည​အ​ခါ​ပြေး၍ ဥ​ယျာဉ်​တော်​လမ်း​ကို​လိုက်​လျက်၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား တံ​ခါး​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။ 5ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် လိုက်​လျက်၊ ယေ​ရိ​ခေါ​လွင်​ပြင်၌ ဇေ​ဒ​ကိ​မင်း​ကို​မီ၍ ဖမ်း​ဆီး​ပြီး​မှ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ရှိ​ရာ ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊ 6ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။ 7ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​လေ၏။ 8ခါ​လ​ဒဲ​လူ​တို့​သည်​လည်း၊ နန်း​တော်​နှင့် ဆင်း​ရဲ​သား​အိမ်​တို့​ကို မီး​ရှို့၍၊ မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။ 9ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။ 10သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။
ယေ​ရ​မိ​လွတ်​လာ​ခြင်း
11ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရ​မိ​အ​မှု၌၊ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​ကို မှာ​ထား​နှင့်​သည်​ကား၊ 12ယေ​ရ​မိ​ကို​ယူ၍ ကောင်း​မွန်​စွာ​ကြည့်​ရှု​လော့။ မ​ညှဉ်း​ဆဲ​နှင့်။ သူ​ပြော​သည်​အ​တိုင်း သူ့​ကို​ပြု​လော့​ဟု မှာ​ထား​တော်​မူ​သည်​နှင့် အ​ညီ၊ 13ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်၊ မိန်း​မ​စိုး​အုပ် နေ​ဗု​ရှာ​ဇ​ဗန်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရ‌ေ​ဇာ​အ​စ​ရှိ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​ပေါင်း​တို့​သည် လူ​ကို​စေ​လွှတ်၍၊ 14ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။
ဧ​ဗ​ဒ​မေ​လက်​အ​တွက်​မျှော်​လင့်​ချက်
15ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊ 16သင်​သည် ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့၏​အ​ကျိုး​ကို မ​ပြု​စု၊ ဖျက်​ဆီး​ခြင်း​ငှာ ငါ့​စ​ကား​ကို ငါ​တည်​စေ​မည်။ ကာ​လ​အ​ချိန်​ရောက်​လျှင်၊ သင့်​ရှေ့၌ ငါ့​စ​ကား ပြည့်​စုံ​လိမ့်​မည်။ 17သို့​သော်​လည်း၊ ထို​ကာ​လ၌ သင့်​ကို ငါ​ကယ်​နုတ်​မည်။ သင်​ကြောက်​သော သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ။ 18ငါ​သည် သင့်​ကို စင်​စစ်​ကယ်​နုတ်​မည်။ သင်​သည် ဓား​ဖြင့်​မ​ဆုံး​ရ။ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် ငါ့​ကို​ကိုး​စား​သော​ကြောင့်​တည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 39: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ