ယေရမိ 52
52
ယေရုရှလင်မြို့ကျဆုံးခြင်း
(၄ရာ၊ ၂၄:၁၈-၂၅:၇။ ၆ရာ၊ ၃၆:၁၁-၁၆)
1ဇေဒကိမင်းသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတာလဖြစ်သတည်း။ 2ထိုမင်းသည် ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 3ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။
4ဇေဒကိမင်း နန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုတ်တို့ကို တူးလုပ်ပြီးမှ၊#ယေဇ၊ ၂၄:၂။ 5ဇေဒကိမင်း နန်းစံ တစ်ဆယ်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ 6ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန် အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ 7ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖောက်၍၊ မြို့ကိုလည်းဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညအခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ်တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။#ယေဇ၊ ၃၃:၂၁။ 8ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မီသဖြင့် ဇေဒကိမင်း၏စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ 9ရန်သူတို့သည် ရှင်ဘုရင်ကို ဖမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည် ရိဗလမြို့သို့ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊ 10ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ 11ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။#ယေဇ၊ ၁၂:၁၃။
ဗိမာန်တော်ကိုဖြိုဖျက်ခြင်း
(၄ ရာ၊ ၂၅:၈-၁၇။ ၆ ရာ၊ ၃၆:၁၇-၂၁။ ယေ၊ ၃၉:၈-၁၀။)
12ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ကိုးနှစ်၊ ပဥ္စမလ ဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ 13ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကို မီးရှို့လေ၏။#၃ ရာ၊ ၉:၈။ 14ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ 15ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ 16သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှာ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
17ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုလည်းကောင်း၊ ကြေးဝါရေကန်ကိုလည်းကောင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုလည်းကောင်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။#၃ရာ၊ ၇:၁၅-၄၇။ 18အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။ 19ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။ 20ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သောတိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ ရေကန်ခံစရာ အခြေအမြစ် ကြေးဝါနွား တစ်ဆယ်နှစ်ခု၌ပါသောကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ 21တိုင်အမြင့်ကား၊ တစ်ဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တစ်ဆယ်နှစ်တောင် ရှည်သော ကြိုးတစ်ပတ်ရှိ၏။ ခေါင်းပွဖြစ်၍ ဒုလေးသစ်ရှိ၏။ 22ကြေးဝါတိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့် ပြည့်စုံ၏။ 23တိုင်တစ်မျက်နှာ၌ သလဲသီး ကိုးဆယ်ခြောက်လုံးစီရှိ၍၊ ကွန်ရွက်တစ်ဖက်၌ သလဲသီးပေါင်း တစ်ရာရှိသတည်း။
ယုဒပြည်သားတို့အားဗာဗုလုန်ပြည်သို့ ခေါ်ဆောင် သွားခြင်း
(၄ရာ၊ ၂၅:၁၈-၂၁၊ ၂၇-၃၀)
24ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော်တံခါးမှူး သုံးယောက်တို့ကို ဖမ်းဆီးလေ၏။ 25စစ်သူရဲတို့ကို အုပ်သော ဗိုလ်တစ်ယောက်၊ မြို့ထဲ၌တွေ့မိသော တိုင်ပင်မှူးမတ် ခုနစ်ယောက်၊ ပြည်သူပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီးတစ်ယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ကို မြို့ထဲကခေါ်သွား၍၊ 26ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်ခဲ့ပြီးလျှင်၊ 27ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည် ရိဗလမြို့၌ ထိုသူတို့ကိုဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။
28နေဗုခဒ်နေဇာမင်း သိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသား သုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။ 29တစ်ဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ်နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။ 30နှစ်ဆယ်သုံးနှစ်တွင်၊ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယုဒအမျိုးသား ခုနစ်ရာလေးဆယ်ငါးယောက်တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင်ခြောက်ရာရှိသတည်း။
ယုဒရှင်ဘုရင်ယေခေါနိ
31ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ်ငါးရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။ 32ကောင်းမွန်စွာနှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ 33ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ် အထံတော်၌ စားသောက်ရ၏။ 34မသေမီတိုင်အောင် အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။
ပရောဖက်ယေရမိ စီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 52: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: